အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ 5G ကို Support ပြုလုပ်လာတဲ့အပြင် နည်းပညာပိုင်းတွေလည်း မြင့်မားလာကြတဲ့အတွက် Flagship ဖုန်းစျေးတွေက သိသိသာသာကို မြင့်မားလာပါတယ်။ အခုနောက်ဆုံးထွက်ရှိထားတဲ့ Samsung နဲ့ Huawei တို့ရဲ့ အကောင်းဆုံး Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S20 Ultra နဲ့ P40 Pro+ လိုမျိုးဖုန်းတွေဆိုရင် ဒေါ်လာ ၁,၃၉၉ နဲ့ရောင်းချနေတာဖြစ်ပါတယ်။

အခုလည်း OnePlus ကနေ လာမယ့် ဧပြီလ ၁၄ ရက်နေ့မှာ OnePlus 8 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်လာတော့မှာပါ။ OnePlus ရဲ့ CEO နဲ့ Co-founder ဖြစ်တဲ့ Pete Lau ကနေ အခုအချိန်မှာ OnePlus 8 ဖုန်းတွေမှာပါဝင်လာမယ့်အချက်အလက်အချို့အပြင် စျေးနှုန်းပိုင်းကိုပါ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါကတော့ OnePlus 8 Series ဖုန်းတွေဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁,၀၀၀ အောက်နဲ့ပဲ ရောင်းချသွားမှာဖြစ်တယ်လို့ အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Pete Lau ကတော့ OnePlus 8 5G ဖုန်းတွေရဲ့ စျေးအကြီးဆုံး Version က လက်ရှိ ဒေါ်လာ ၉၉၉ နဲ့ရောင်းချနေတဲ့ Samsung Galaxy S20 5G ဖုန်းထက်တောင် စျေးသက်မယ်လို့ စျေးသက်သာဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက်ဖြစ်နိုင်တာက OnePlus 8 ဖုန်းက ဒေါ်လာ ၇၀၀ ဝန်းကျင်နဲ့ OnePlus 8 Pro ဖုန်းကတော့ ဒေါ်လာ ၉၀၀ ဝန်းကျင်လောက်အထိ ရှိလာဖို့များနေပါတယ်။

Ref – GSM Arena