[Zawgyi]

Asus ရဲ႕ ၂၀၁၈ ထုတ္ ပထမဆံုး Gaming စမတ္ဖုန္း ျဖစ္တဲ့ ROG Phone ဟာ 90Hz Display ပါတဲ့ ပထမဆံုး ဖုန္း ျဖစ္ခဲ့ပါတယ္။ ဒီႏွစ္ထုတ္ OnePlus 7 Pro မွာလည္း 90Hz Display ပါလာခဲ့ၿပီး Trend ၁ ခု ျဖစ္လာပါတယ္။ အခုဆိုရင္ Google အပါအ၀င္ ကုမၸဏီမ်ားစြာက သူတို႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းေတြမွာ သံုးေနၾကပါၿပီ။

အခုေတာ့ Samsung ကလည္း ေနာက္ထုတ္မယ့္ စြမ္းရည္ျမင့္ Galaxy S11 မွာ 90Hz Display ထည့္ေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။ ဒီသတင္းသာ မွန္မယ္ဆိုရင္ OnePlus က ေနာက္ႏွစ္ထုတ္မယ့္ စြမ္းရည္ျမင့္ ဖုန္းမွာ ဒီထက္သာေအာင္ လုပ္ရေတာ့မွာပါ။ OnePlus 8 Pro မွာ အရမ္းကို ေခ်ာမြတ္ျမန္ဆန္တဲ့ 120Hz Display ပါမယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ နည္းပညာပါတဲ့ ပထမဆံုး ဖုန္းေတာ့ မျဖစ္ႏုိင္ေတာ့ပါဘူး။ Asus ROG Phone II မွာ 120Hz Display ပါလာၿပီးသားပါ။

ေနာက္ႏွစ္ထြက္မယ့္ Apple iPhone ေတြမွာလည္း 120Hz Display ပါၿပီး “ProMotion OLED” Display လို႔ နာမည္ေပးထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Apple ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက iPad Pro မွာ “ ProMotion” Display ကို မိတ္ဆက္ခဲ့တာပါ။ ေနာက္ထုတ္မယ့္ iPhone ေတြမွာ ဒီနည္းပညာကို သံုးေတာ့မယ္ ထင္ပါတယ္။

OnePlus 8 Pro မွာ အေနာက္ကင္မရာ ၄ လံုး ပါၿပီး ပင္မ ကင္မရာက 64MP or 108MP ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ အလန္းစား Snapdragon 865 Chipset ေမာင္းနွင္ထားမွာပါ။ 8GB RAM နဲ႔ 128GB Storage ပါလာႏုိင္ၿပီး လာမယ့္ႏွစ္ ဧၿပီလကေန ဇြန္လအတြင္းမွာ ေၾကညာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

OnePlus 8 Pro မှာ 120Hz Display ပါလာနိုင်

Asus ရဲ့ ၂၀၁၈ ထုတ် ပထမဆုံး Gaming စမတ်ဖုန်း ဖြစ်တဲ့ ROG Phone ဟာ 90Hz Display ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ထုတ် OnePlus 7 Pro မှာလည်း 90Hz Display ပါလာခဲ့ပြီး Trend ၁ ခု ဖြစ်လာပါတယ်။ အခုဆိုရင် Google အပါအဝင် ကုမ္ပဏီများစွာက သူတို့ရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ သုံးနေကြပါပြီ။

အခုတော့ Samsung ကလည်း နောက်ထုတ်မယ့် စွမ်းရည်မြင့် Galaxy S11 မှာ 90Hz Display ထည့်တော့မယ်လို့ သတင်းထွက်နေပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် OnePlus က နောက်နှစ်ထုတ်မယ့် စွမ်းရည်မြင့် ဖုန်းမှာ ဒီထက်သာအောင် လုပ်ရတော့မှာပါ။ OnePlus 8 Pro မှာ အရမ်းကို ချောမွတ်မြန်ဆန်တဲ့ 120Hz Display ပါမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ နည်းပညာပါတဲ့ ပထမဆုံး ဖုန်းတော့ မဖြစ်နိုင်တော့ပါဘူး။ Asus ROG Phone II မှာ 120Hz Display ပါလာပြီးသားပါ။

နောက်နှစ်ထွက်မယ့် Apple iPhone တွေမှာလည်း 120Hz Display ပါပြီး “ProMotion OLED” Display လို့ နာမည်ပေးထားမယ်လို့ သတင်းထွက်နေပါတယ်။ Apple ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက iPad Pro မှာ “ ProMotion” Display ကို မိတ်ဆက်ခဲ့တာပါ။ နောက်ထုတ်မယ့် iPhone တွေမှာ ဒီနည်းပညာကို သုံးတော့မယ် ထင်ပါတယ်။

OnePlus 8 Pro မှာ အနောက်ကင်မရာ ၄ လုံး ပါပြီး ပင်မ ကင်မရာက 64MP or 108MP ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အလန်းစား Snapdragon 865 Chipset မောင်းနှင်ထားမှာပါ။ 8GB RAM နဲ့ 128GB Storage ပါလာနိုင်ပြီး လာမယ့်နှစ် ဧပြီလကနေ ဇွန်လအတွင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina