OnePlus 8 Pro ကို မကြာခင်က အသည်းအသန် လိုချင်ခဲ့ကြတဲ့ လူတွေဟာ ကံမကောင်းပါဘူး။ ၁ လကျော်လောက် နိုင်ငံများစွာမှာ ပစ္စည်းပြတ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပစ္စည်း ပြတ်သွားခဲ့တဲ့အတွက် အမေရိကန်မှာ ပုံမှန် ရောင်းဈေးထက် ဒေါ်လာ ရာဂဏန်းလောက်တင်ပြီး ရောင်းနေကြပါတယ်။ အခုတော့ OnePlus အွန်လိုင်း စတိုးနဲ့ Amazon ၂ ခုစလုံးမှာ OnePlus 8 256GB Version ကို ပြန်တင်ပေးထားပါပြီ။

OnePlus အွန်လိုင်းစတိုးမှာ Onyx Black နဲ့ Ultramarine Blue ၂ ရောင်စလုံးကို ရောင်းချပေးထားတယ်လို့ OnePlus က Reddit မှာ ကြေညာထားပါတယ်။ Amazon မှာ ဇွန်လ ၉ ရက်နေ့ကတည်းက ပစ္စည်းပြန်တင်ပေးထားတာ ဖြစ်ပြီး စိတ်အေးလက်အေး ဝယ်ယူနိုင်ပါပြီ။ အခု ပြန်တင်ပေးလိုက်တာဟာ ဈေးပိုကြီးတဲ့ ၉၉၉ ဒေါ်လာတန် 12/256GB Version ဖြစ်ပြီး ၈၉၉ ဒေါ်လာတန် 8/128GB Version ဟာ OnePlus နဲ့ Amazon စတိုး ၂ ခုစလုံးမှာ ပစ္စည်းပြတ်နေပါသေးတယ်။

OnePlus 8 Pro ကို ဝယ်ဖို့  စဉ်းစားနေရင်တော့ လက်သွက်ဖို့ လိုအပ်ပါတယ်။ OnePlus 8 Pro အလုံးရေ ဘယ်လောက် ရောင်းပေးမလဲဆိုတာ မသိရသေးပါဘူး။ ဝယ်လိုအား အရမ်းများမှာက သေချာပါတယ်။ OnePlus 8 နဲ့ 8 Pro ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းတွေ ဖြစ်ပြီး  OnePlus ဖုန်းတွေဟာ Flagship Killer တွေလို့ နာမည်ကြီးပါတယ်။

Ref : androidpolice