OnePlus က အမေရိကန်မှာ OnePlus 8 Pro အတွက် ဇွန်လ Security Patch ပါတဲ့ Update အသစ်ကို ဖြန့်ချိပေးလိုက်ပြီး တိုးတက်ပြောင်းလဲမှုတွေ ပါလာပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က အဲဒီ Update ကို ဥရောပနဲ့ အိန္ဒိယမှာ မျှဝေခဲ့တာ ဖြစ်ပြီး အခုမှ အမေရိကန်ကို ရောက်လာတာပါ။

Changelog က အရင် ၁ ပတ်ကနဲ့ အများစု တူညီပါတယ်။ အိန္ဒိယမှာ Photochrom ကင်မရာဟာ အဝတ်အစားတွေနဲ့ ပလတ်စတစ်တွေကို တခါတလေမှာ ဖောက်ထွင်းမြင်ရတယ်ဆိုတဲ့ သတင်းတွေကြောင့် ယာယီ ပိတ်ထားတာကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ အမေရိကန်မှာတော့ အဲဒီ ကင်မရာကို မပိတ်ခဲ့ပါဘူး။ အမေရိကန်က Changelog မှာ Photochrom Filter ကို ချိန်ညှိထားတယ်လို့ ဖော်ပြထားပါတယ်။ OnePlus က ဒီလိုလုပ်မယ်ဆိုတာကို ပြီးခဲ့တဲ့ ၁ ပတ်ကတည်းက ကြေညာထားတာ ဖြစ်ပါတယ်။

Update မှာ ဘက်ထရီ သက်တမ်းကို ပိုကောင်းအောင်ပြုလုပ်ထားပြီး Optimization ပိုတိုးတက်လာပါတယ်။ အားသွင်းနှုန်းကို ချိန်ညှိထားသလို Netflix နဲ့ Amazon Prime Video က Bug ၁ ခုကို ပြင်ဆင်ထားပါတယ်။ Photochrom ကင်မရာ အပြင် Update မှာ ကင်မရာတွေရဲ့ Stability ပိုကောင်းလာပြီး ဓါတ်ပုံ ရိုက်ရတာ ပိုကောင်းလာပါတယ်။

Ref : gsmarena