OnePlus ဟာ သူတို့ရဲ့ Flagship ဖုန်းတွေကို နှစ်တစ်နှစ်ရဲ့ ဒုတိယသုံးလပတ်မှာ ဖြန့်ချိလေ့ရှိပါတယ်။ ဒီနှစ်အတွက်လည်း OnePlus 8 စီးရီးရှိနေပြီး၊ နှစ်စပိုင်းကတည်းကစလို့ OnePlus 8 Pro ရဲ့ သတင်းတွေဟာ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာပါတယ်။

OnePlus 8 Pro နဲ့ပတ်သက်တဲ့သတင်းတွေ အတော်များများထွက်ပေါ်ခဲ့ပြီးဖြစ်သလို၊ အခုလည်း အဓိကအစိတ်အပိုင်း အချို့ရဲ့ အချက်အလက်တွေ ထပ်ပြီး ပေါက်ကြားလာပြန်ပြီ ဖြစ်ပါတယ်။ OnePlus 8 Pro ရဲ့ ပထမဆုံး Render ရုပ်ပုံဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကတည်းက ထွက်ခဲ့တာပါ။ ပြီးခဲ့တဲ့လ တတိယပတ်တုန်းကလည်း Hands-on ရုပ်ပုံ ပေါက်ကြားလာခဲ့ပါသေးတယ်။

OnePlus 8 Pro ဟာ 120Hz မျက်နှာပြင်နဲ့ဖြစ်သလို၊ 50W အမြန်အားသွင်းစနစ်လည်း ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် အိန္ဒိယက နာမည်ကျော် Tipster ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး OnePlus 8 Pro ဟာ အရောင်သစ်အဖြစ် အစိမ်းရောင်ကိုယ်ထည်နဲ့ ထွက်လာဦးမယ်ဆိုတာလည်းဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီတော့ ထွက်ခဲ့သမျှသတင်းတွေနဲ့ အခုထပ်ပြီးပေါက်ကြားလာတဲ့အချက်တွေကိုစုလိုက်တဲ့အခါ OnePlus 8 Pro ဟာ Snapdragon 865 chipset နဲ့ဖြစ်ပြီး 8GB of RAM နဲ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB ဒါမှမဟုတ် 256GB နှစ်သက်ရာကို ရွေးချယ်နိုင်ပါလိမ့်မယ်။

OnePlus 8 Pro ရဲ့ မျက်နှာပြင်ဟာ 6.5-inch AMOLED အမျိုးအစားဖြစ်ပြီး 120Hz refresh rate ရှိတယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ 4,500mAh ဖြစ်ပြီးတော့ 50W အမြန်အားသွင်းစနစ်လည်း ပါဝင်လာဦးမယ်လို့ ယူဆရပါတယ်။

OnePlus 8 ကတော့ ပကတိရုပ်ပုံထွက်ပေါ်လာပါတယ်။ ဒီရုပ်ပုံကတစ်ဆင့်သိရတာက ဒီဟန်းဆက်ဟာ Android 10 အခြေခံ Oxygen OS မောင်းနှင်ထားပါတယ်။ 6.55-inch မျက်နှာပြင် ဖြစ်ပါတယ်။ 90Hz Fluid AMOLED အမျိုးအစားဖြစ်ပြီး အနားစွန်းတွေက Curved တွေဖြစ်တာကို တွေ့ရပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာကို 16MP + 2 MP ကင်မရာနှစ်လုံးနဲ့ တွဲဖက်ပေးထားမယ်လို့ သိရပါတယ်။

Ref: Gizmochina