စမတ်ဖုန်းတွေရဲ့ Camera ပိုင်းနဲ့ Audio ပိုင်းကို စစ်ဆေးမှုတွေပြုလုပ်နေတဲ့ DxOMark ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက OnePlus 8 Pro ဖုန်းကို Camera ပိုင်း စစ်ဆေးခဲ့ပါသေးတယ်။ အခုလည်း OnePlus 8 Pro ရဲ့ Audio Quality ပိုင်း စစ်ဆေးမှုရလဒ်ကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

DxOMark ရဲ့ ထုတ်ပြန်ချက်အရတော့ OnePlus 8 Pro ဟာ Audio ပိုင်းမှာ ရမှတ် ၆၇ မှတ်ခန့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါရမှတ်ဟာ ပြီးခဲ့တဲ့ OnePlus 7 Pro ရဲ့ ရမှတ် ၆၅ မှတ်ထက်တော့ ပိုကောင်းလာတယ်ဆိုပေမယ့် တခြားသော Flagship ဖုန်းတွေနဲ့ ယှဥ်ရင်တော့ အနည်းငယ်အားနည်းနေသေးတယ်လို့ ပြောရမှာပါ။ ဥပမာ Xiaomi Mi 10 Pro ၊ iPhone 11 Series ၊ Google Pixel 4 လိုမျိုးဖုန်းတွေအောက်မှာပဲရှိနေမှာဖြစ်ပေမယ့် Samsung Galaxy S20+ လိုဖုန်းတွေထက်တော့ ပိုကောင်းနေမှာဖြစ်ပါတယ်။

OnePlus 8 Pro စမတ်ဖုန်းဟာ Audio Playback ပိုင်းမှာ ၆၈ မှတ်၊ Audio Recording ပိုင်းမှာ ၆၃ မှတ် အသီးသီးရရှိခဲ့ပြီး Speaker Quality အနေနဲ့လည်း ရုပ်ရှင်တွေနဲ့ သီချင်းတွေအတွက် Quality တော်တော်လေးကောင်းပြီး Gaming ပိုင်းမှာတော့ အနည်းငယ်အားနည်းတယ်လို့ သိရပါတယ်။ Overall Audio Quality ပိုင်းမှာ ကောင်းမွန်ပေမယ့် အသံအနည်းငယ်တိုးနေတာကလည်း အားနည်းချက်ဖြစ်နေတယ်လို့ DxOMark ကနေ ဖော်ပြသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus 8 Pro ဖုန်းဟာ Camera ပိုင်းမှာလည်း iPhone 11 Pro Max ၊ Galaxy S20+ လိုမျိုး ဖုန်းတွေထက်ပိုကောင်းတဲ့အပြင် Audio Quality ပိုင်းမှာလည်း Flagship အဆင့်မှီတယ်လို့ သတ်မှတ်ရမှာပါ။

Ref – Gizmo China