Zawgyi

OnePlus ကုမၸဏီက 7T နဲ႔ 7T Pro တုိ႔ကို မိတ္ဆက္ထားတာ တစ္လေတာင္မရွိေသးေပမယ့္ OnePlus 8 ရဲ႕ ပထမဆုံးပုံရိပ္ကို ျမင္ခဲ့ရၿပီးျဖစ္သလို ယေန႔မွာ 8 Pro ကိုေတာင္ ေတြ႕လာရပါၿပီ။ ေအာက္ကပုံမွာျမင္ရတဲ့အတုိင္းပဲ OnePlus 8 Pro ဖုန္းဟာ OnePlus 7T နဲ႔ 7T Pro တုိ႔မွာ ပါတဲ့ Notch-less Display အစား Punch-hole တစ္ခုပါတဲ့ Display မ်က္ႏွာျပင္နဲ႔ထြက္လာတာကို ျမင္ရပါတယ္။

OnePlus 8 Pro ရဲ႕ဒီဇုိင္းကလည္း ရုိးရုိး 8 နဲ႔ေတာ့ သိပ္မကြာလွပါဘူး။ ဒါေပမယ့္ ေသခ်ာၾကည့္ရင္ေတာ့ သူ႕ရဲ႕ ေနာက္ဘက္မွာ 3D ToF Sensor နဲ႔ အေျပာင္းအလဲအခ်ဳိ႕ကို ေတြ႕ႏုိင္ပါတယ္။ ဒါ့အျပင္ OnePlus 8 Pro ရဲ႕ အေပၚဘက္ Bezel ေဘာင္ကလည္း ရုိးရိုး 8 ထက္ ပုိထူပုံရပါတယ္။

ခလုတ္ေတြနဲ႔ စပီကာ၊ USB-C Port စတာေတြကေတာ့ OnePlus 8 မွာ ထားရွိတဲ့ေနရာေတြအတိုင္းပဲျဖစ္ေပမယ့္ ရုိးရုိး 8 ထက္ Pro ဗားရွင္းက 0.7 mm ပုိထူပါတယ္။ ဒါ့အျပင္ OnePlus 8 Pro ဖုန္းဟာ 6.65” လက္မ Display နဲ႔ ထြက္လာမွာျဖစ္လို႔ ရုိးရုိးဗားရွင္းထက္လည္း 0.15” လက္မေလာက္ ပိုက်ယ္မွာပါ။

OnePlus 8 နဲ႔ 8 Pro ႏွစ္မ်ဳိးစလုံးမွာ Refresh Rate က 90Hz ျဖစ္တယ္လို႔ အားရဖြယ္သိရပါတယ္။ ၿပီးခဲ့တဲ့လက OnePlus ဟာ သူတုိ႔ရဲ႕ အနာဂါတ္ထုတ္ကုန္ေတြအားလုံးမွာ 90Hz Display ေတြကို အသုံးျပဳလာမယ္လို႔ ေျပာထားတာနဲ႔ ကိုက္ညီေနခဲ့တယ္။

OnePlus ဟာ 7 နဲ႔ 7 Pro တုိ႔ကို အခုႏွစ္ ေမလမွာ မိတ္ဆက္ခဲ့တာပါ။ ဒါ့ေၾကာင့္ 8 စီးရီးကိုလည္း ေနာက္ႏွစ္ အလားတူကာလေလာက္မွ မိတ္ဆက္လာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

OnePlus ကုမ္ပဏီက 7T နဲ့ 7T Pro တို့ကို မိတ်ဆက်ထားတာ တစ်လတောင်မရှိသေးပေမယ့် OnePlus 8 ရဲ့ ပထမဆုံးပုံရိပ်ကို မြင်ခဲ့ရပြီးဖြစ်သလို ယနေ့မှာ 8 Pro ကိုတောင် တွေ့လာရပါပြီ။ အောက်ကပုံမှာမြင်ရတဲ့အတိုင်းပဲ OnePlus 8 Pro ဖုန်းဟာ OnePlus 7T နဲ့ 7T Pro တို့မှာ ပါတဲ့ Notch-less Display အစား Punch-hole တစ်ခုပါတဲ့ Display မျက်နှာပြင်နဲ့ထွက်လာတာကို မြင်ရပါတယ်။

OnePlus 8 Pro ရဲ့ဒီဇိုင်းကလည်း ရိုးရိုး 8 နဲ့တော့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် သေချာကြည့်ရင်တော့ သူ့ရဲ့ နောက်ဘက်မှာ 3D ToF Sensor နဲ့ အပြောင်းအလဲအချို့ကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် OnePlus 8 Pro ရဲ့ အပေါ်ဘက် Bezel ဘောင်ကလည်း ရိုးရိုး 8 ထက် ပိုထူပုံရပါတယ်။

ခလုတ်တွေနဲ့ စပီကာ၊ USB-C Port စတာတွေကတော့ OnePlus 8 မှာ ထားရှိတဲ့နေရာတွေအတိုင်းပဲဖြစ်ပေမယ့် ရိုးရိုး 8 ထက် Pro ဗားရှင်းက 0.7 mm ပိုထူပါတယ်။ ဒါ့အပြင် OnePlus 8 Pro ဖုန်းဟာ 6.65” လက်မ Display နဲ့ ထွက်လာမှာဖြစ်လို့ ရိုးရိုးဗားရှင်းထက်လည်း 0.15” လက်မလောက် ပိုကျယ်မှာပါ။

OnePlus 8 နဲ့ 8 Pro နှစ်မျိုးစလုံးမှာ Refresh Rate က 90Hz ဖြစ်တယ်လို့ အားရဖွယ်သိရပါတယ်။ ပြီးခဲ့တဲ့လက OnePlus ဟာ သူတို့ရဲ့ အနာဂါတ်ထုတ်ကုန်တွေအားလုံးမှာ 90Hz Display တွေကို အသုံးပြုလာမယ်လို့ ပြောထားတာနဲ့ ကိုက်ညီနေခဲ့တယ်။

OnePlus ဟာ 7 နဲ့ 7 Pro တို့ကို အခုနှစ် မေလမှာ မိတ်ဆက်ခဲ့တာပါ။ ဒါ့ကြောင့် 8 စီးရီးကိုလည်း နောက်နှစ် အလားတူကာလလောက်မှ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena