Zawgyi

OnePlus ကေန မၾကာေသးခင္တုန္းကမွ OnePlus 7T  စမတ္ဖုန္းအသစ္ေတြကို မိတ္ဆက္သြားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ေနာက္ႏွစ္မွာ မိတ္ဆက္လာမယ့္ OnePlus 8 စမတ္ဖုန္းအတြက္ Render ဓါတ္ပုံေတြက စၿပီးထြက္ေပၚလာပါၿပီ။

အခု Render ေတြကိုေတာ့ လက္ရွိမွာ စမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားကို Design ပိုင္းမွန္ကန္ေအာင္ခန္႔မွန္းႏိုင္တဲ့ OnLeaks ကေန ေဖာ္ျပသြားခဲ့တာျဖစ္တဲ့အတြက္ ယုံၾကည္ရႏိုင္တဲ့ Render Design ေတြလို႔ေတာင္ ေျပာလို႔ရပါတယ္။ အခု Design ေတြက ၾကည့္လိုက္မယ္ဆိုရင္ လက္ရွိ OnePlus 7 Pro နဲ႔ တူညီတယ္လို႔ ေျပာႏိုင္ေပမယ့္ အနည္းငယ္ေျပာင္းလဲမႈေတြရွိေနပါတယ္။

အရင္ဆုံးအေနနဲ႔ ေနာက္ဖက္က Body Design ပိုင္းက OnePlus 7 Pro လိုမ်ိဳး Nebula Blue အေရာင္အစား OnePlus 7T ဖုန္းမွာ အသုံးျပဳထားတဲ့ Glacier Blue အေရာင္နဲ႔ ပိုၿပီး တူညီေနၿပီးေတာ့ Matte Glass Body Design ကိုပဲ အသုံးျပဳထားပုံရပါတယ္။

Display ပိုင္းမွာေတာ့ သိသိသာသာကြာျခားသြားၿပီးေတာ့ OnePlus 8 ဖုန္းမွာ OnePlus 7 Pro လိုမ်ိဳး Pop-up Selfie Camera ပါဝင္လာမွာမဟုတ္ေတာ့ဘဲ Selfie Camera အတြက္ Samsung Galaxy S10 Series ဖုန္းေတြလိုမ်ိဳးပဲ Hole-punch Display ကို အသုံးျပဳလာမွာပါ။ ဒါေပမယ့္ Galaxy S10 ဖုန္းေတြလိုမ်ိဳး Display ရဲ႕ ညာဘက္မွာမဟုတ္ဘဲ ဘယ္ဘက္မွာတပ္ဆင္ထားတာကိုလည္း ေတြ႕ရပါတယ္။

OnePlus ဖုန္းေတြဟာ လက္ရွိအခ်ိန္အထိ Wireless Charging စနစ္ကို ထည့္သြင္းေပးျခင္းမရွိေသးေပမယ့္ OnePlus 8 မွာေတာ့ ပထမဆုံးအေနနဲ႔ Wireless Charging စနစ္ပါဝင္လာမယ္လို႔ သိရပါတယ္။ ၿပိဳင္ဘက္ေတြျဖစ္တဲ့ Huawei နဲ႔ Xiaomi တို႔ကလည္း Wireless Charging စနစ္ကို 30W အထိ ထည့္သြင္းေပးလာႏိုင္ၿပီဆိုေတာ့ ေနာက္ႏွစ္မွာ OnePlus ကလည္း Wireless Charging ကို ထည့္သြင္းလာေတာ့မယ့္ ပုံစံပါပဲ။

က်န္တဲ့အခ်က္ေတြအေနနဲ႔ကေတာ့ Triple Camera ကိုပဲဆက္လက္အသုံးျပဳထားသလို Speaker ပုံစံကိုေတာ့ အနည္းငယ္ေျပာင္းလဲထားတာကိုေတြ႕ရပါတယ္။ ဖုန္းရဲ႕ အ႐ြယ္အစားအေနနဲ႔ 160.2 x 72.9 x 8.1 mm ရွိမွာျဖစ္တဲ့အတြက္ OnePlus 7 Pro ထက္ပိုၿပီး ေသးငယ္ၿပီး ပါးလႊာမွာလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္အခုထြက္ရွိလာတဲ့ Render ဓါတ္ပုံေတြဟာ OnePlus 8 အတြက္ျဖစ္တဲ့အတြက္ OnePlus 8 Pro ပါ ေနာက္ႏွစ္မွာဆက္လက္မိတ္ဆက္လာဦးမလားဆိုတာက ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

OnePlus ကနေ မကြာသေးခင်တုန်းကမှ OnePlus 7T  စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ နောက်နှစ်မှာ မိတ်ဆက်လာမယ့် OnePlus 8 စမတ်ဖုန်းအတွက် Render ဓါတ်ပုံတွေက စပြီးထွက်ပေါ်လာပါပြီ။

အခု Render တွေကိုတော့ လက်ရှိမှာ စမတ်ဖုန်းတော်တော်များများကို Design ပိုင်းမှန်ကန်အောင်ခန့်မှန်းနိုင်တဲ့ OnLeaks ကနေ ဖော်ပြသွားခဲ့တာဖြစ်တဲ့အတွက် ယုံကြည်ရနိုင်တဲ့ Render Design တွေလို့တောင် ပြောလို့ရပါတယ်။ အခု Design တွေက ကြည့်လိုက်မယ်ဆိုရင် လက်ရှိ OnePlus 7 Pro နဲ့ တူညီတယ်လို့ ပြောနိုင်ပေမယ့် အနည်းငယ်ပြောင်းလဲမှုတွေရှိနေပါတယ်။

အရင်ဆုံးအနေနဲ့ နောက်ဖက်က Body Design ပိုင်းက OnePlus 7 Pro လိုမျိုး Nebula Blue အရောင်အစား OnePlus 7T ဖုန်းမှာ အသုံးပြုထားတဲ့ Glacier Blue အရောင်နဲ့ ပိုပြီး တူညီနေပြီးတော့ Matte Glass Body Design ကိုပဲ အသုံးပြုထားပုံရပါတယ်။

Display ပိုင်းမှာတော့ သိသိသာသာကွာခြားသွားပြီးတော့ OnePlus 8 ဖုန်းမှာ OnePlus 7 Pro လိုမျိုး Pop-up Selfie Camera ပါဝင်လာမှာမဟုတ်တော့ဘဲ Selfie Camera အတွက် Samsung Galaxy S10 Series ဖုန်းတွေလိုမျိုးပဲ Hole-punch Display ကို အသုံးပြုလာမှာပါ။ ဒါပေမယ့် Galaxy S10 ဖုန်းတွေလိုမျိုး Display ရဲ့ ညာဘက်မှာမဟုတ်ဘဲ ဘယ်ဘက်မှာတပ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။

OnePlus ဖုန်းတွေဟာ လက်ရှိအချိန်အထိ Wireless Charging စနစ်ကို ထည့်သွင်းပေးခြင်းမရှိသးပေမယ့် OnePlus 8 မှာတော့ ပထမဆုံးအနေနဲ့ Wireless Charging စနစ်ပါဝင်လာမယ်လို့ သိရပါတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ Huawei နဲ့ Xiaomi တို့ကလည်း Wireless Charging စနစ်ကို 30W အထိ ထည့်သွင်းပေးလာနိုင်ပြီဆိုတော့ နောက်နှစ်မှာ OnePlus ကလည်း Wireless Charging ကို ထည့်သွင်းလာတော့မယ့် ပုံစံပါပဲ။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Triple Camera ကိုပဲဆက်လက်အသုံးပြုထားသလို Speaker ပုံစံကိုတော့ အနည်းငယ်ပြောင်းလဲထားတာကိုတွေ့ရပါတယ်။ ဖုန်းရဲ့ အရွယ်အစားအနေနဲ့ 160.2 x 72.9 x 8.1 mm ရှိမှာဖြစ်တဲ့အတွက် OnePlus 7 Pro ထက်ပိုပြီး သေးငယ်ပြီး ပါးလွှာမှာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်အခုထွက်ရှိလာတဲ့ Render ဓါတ်ပုံတွေဟာ OnePlus 8 အတွက်ဖြစ်တဲ့အတွက် OnePlus 8 Pro ပါ နောက်နှစ်မှာဆက်လက်မိတ်ဆက်လာဦးမလားဆိုတာက ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena