OnePlus ကနေ ယခုနှစ်အတွက် Flagship ဖုန်းတွေဖြစ်တဲ့ OnePlus 8 Series ကို နောက်ဆုံးမှာတော့ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ OnePlus 8 Series ဖုန်းတွေကတော့ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေပဲဖြစ်ပါတယ်။



အရင်ဆုံး OnePlus 8 Pro ဖုန်းအနေနဲ့ကတော့ မနှစ်တုန်းက OnePlus 7 Pro ထက် သိသိသာသာကိုပိုကောင်းလာပြီး Display ပိုင်းမှာ 6.78″ QHD+ Fluid AMOLED Display ကိုမှ 120Hz Refresh Rate Support ပေးလာမှာဖြစ်ပါတယ်။ 240Hz Touch Sampling Rate ပါဝင်လာမယ့်အပြင် 10-bit Panel ကိုမှ HDR10+ Support ပါရရှိဦးမှာပါ။ OnePlus ကတော့ OnePlus 8 Pro ရဲ့ Display ဟာ လက်ရှိစမတ်ဖုန်းတွေထဲမှာအကောင်းဆုံးလို့ ပြောကြားထားပြီး 24fps Video တွေကို 120fps အထိ Upscale လုပ်ပေးနိုင်တဲ့ Custom MEMC Chip လည်းထည့်သွင်းထားတယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ Quad Camera Setup ကို အသုံးပြုထားပြီး 48MP Sony IMX689 Primary Sensor ၊ 48MP 120-degree Ultrawide Sensor ၊ 8MP 3x Optical Zoom Telephoto Sensor နဲ့ Color Filter Sensor အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ Punch-hole Design နဲ့ 16MP Sensor ထည့်သွင်းပေးထားပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4510mAh Battery ပါဝင်မှာဖြစ်ပြီး 30W Wrap Charge 30T အပြင် Warp Charge 30 Wireless Charging ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါ 30W Wireless Charging က နာရီဝက်အတွင်း 0-50% ကို အားဖြည့်နိုင်မှာဖြစ်ပြီး ပုံမှန် 30W Wrap Charge 30T ကတော့ 0-60% အထိ အားပြည့်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Reverse Wireless Charging ပါ ထည့်သွင်းထားမှာပါ။

Processor ပိုင်းအနေနဲ့ကတော့ Snapdragon 865 Processor ၊ RAM 8GB သို့မဟုတ် 12GB နဲ့ Storage ကိုတော့ RAM ရွေးချယ်မှုပေါ်မှုတည်ပြီး 128GB သို့မဟုတ် 256GB ပါဝင်မှာဖြစ်ပါတယ်။

OnePlus 8 ဖုန်းမှာတော့ 6.55″ Full HD+ AMOLED Display ကိုမှ 90Hz Refresh ပါဝင်မှာဖြစ်ပြီး HDR10+ ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Triple Camera ကိုမှ 48MP Primary Sensor ၊ 16MP Ultrawide Sensor နဲ့ 2MP Macro Sensor ပဲပါဝင်မှာပါ။

Battery အနေနဲ့ကတော့ 4300mAh Battery ပါဝင်မှာဖြစ်ပြီး Wireless Charging ပါဝင်မှာမဟုတ်ပေမယ့် ပုံမှန် Warp Charge 30T Fast Charging ပါဝင်မယ်လို့ သိရပါတယ်။

Processor နဲ့ RAM ၊ Storage ပိုင်းမှာတော့ OnePlus 8 Pro လိုမျိုးပဲ Snapdragon 865 ၊ RAM 8GB + 128GB Storage နဲ့ RAM 12GB + 256GB Storage ဆိုပြီး ရွေးချယ်နိုင်မှာပါ။ ဒါပေမယ့် RAM က OnePlus 8 Pro လိုမျိုး LPDDR5 အစား LPDDR4X ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။

အဆိုပါ OnePlus 8 နဲ့ 8 Pro ဖုန်းတွေမှာ In-Display Fingerprint Sensor ၊ Stereo Speakers တွေအပြင် OnePlus 8 Pro မှာ IP68 Water Resistant Feature လည်းပါဝင်မှာဖြစ်ပါတယ်။ ဒီဖုန်း ၂ မျိုးစလုံးမှာ 5G ကို Support ပေးမယ်လို့ သိရပါတယ်။

စျေးနှုန်းတွေအနေနဲ့ကတော့ OnePlus 8 ဖုန်းက $699 နဲ့ $799 ဆိုပြီး ရောင်းချသွားမှာဖြစ်ပြီး OnePlus 8 Pro ကတော့ $899 နဲ့ $999 ဆိုပြီးရောင်းချသွားမှာပါ။ အဲ့ဒီအတွက် မြန်မာငွေအနေနဲ့ ငွေကျပ် ၁၀ သိန်းကနေ ၁၄ သိန်းကျော်အထိကျသင့်မှာဖြစ်တဲ့အတွက် စျေးအကြီးဆုံး OnePlus ဖုန်းတွေလို့ ပြောရမှာပါ။

Ref – GSM Arena