Unicode
OnePlus ကနေ လာမယ့် ၂၀၂၀ ခုနှစ်မှာ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေအပြင် စျေးပိုသက်သာတဲ့ OnePlus 8 Lite ဖုန်းကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ အခု OnePlus 8 Series ဖုန်းတွေဟာ မိတ်ဆက်ဖို့ လပိုင်းလောက်လိုသေးတယ်ဆိုပေမယ့် Chinese Tipster တစ်ဦးကနေ OnePlus 8 ဖုန်းတွေမှာပါဝင်လာမယ့် Specs တွေအပြင် စျေးနှုန်းကိုပါ ဖော်ပြခဲ့ပါတယ်။
အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ OnePlus 8 နဲ့ 8 Pro ဖုန်းတွေဟာ 6.4″ နဲ့ 6.7″ အသီးသီးရှိတဲ့ 120Hz S-AMOLED E3 Curved Dual Punch-hole Display ကို အသုံးပြုလာမှာဖြစ်ပြီး OnePlus 8 Lite ကတော့ 6.4″ ရှိတဲ့ 90Hz S-AMOLED E2 Display ကို အသုံးပြုလာမှာပါ။ Resolution အနေနဲ့ OnePlus 8 Pro က QuadHD+ အထိရှိမှာဖြစ်ပြီး OnePlus 8 နဲ့ 8 Lite ကတော့ Full HD+ ပဲပါဝင်မှာဖြစ်ပါတယ်။ အခု OnePlus 8 Series ဖုန်းတွေအားလုံး In-Display Fingerprint Sensor ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Processor ပိုင်းအနေနဲ့ကတော့ OnePlus 8 နဲ့ 8 Pro ဖုန်းတွေက Qualcomm Snapdragon 865 Processor ကို အသုံးပြုထားမှာဖြစ်ပြီးတော့ X55 5G Modem ပါဝင်မှာဖြစ်တဲ့အတွက် 5G Support ပြုလုပ်မှာကျိန်းသေနေပါတယ်။ OnePlus 8 Lite ဖုန်းအနေနဲ့ကတော့ MediaTek ရဲ့ Dimensity 1000 Chipset ကို အသုံးပြုလာမှာဖြစ်ပြီးတော့ 5G ကတော့ ပါဝင်ခြင်းရှိမရှိ မသိရသေးပါဘူး။ ဒီ OnePlus 8 Series ဖုန်းတွေအကုန်လုံးက RAM 8GB/12GB နဲ့အတူ Storage အနေနဲ့လည်း 128GB/256GB UFS 3.0 Storage ပါဝင်မှာဖြစ်ပါတယ်။
Camera ပိုင်းအနေနဲ့ကတော့ OnePlus 8 နဲ့ 8 Pro ဖုန်းတွေက 64MP f1.6 Sony IMX686 Primary Sensor ၊ 20MP f2.0 Ultrawide Sensor နဲ့ 5x Hybrid Optical Zoom ကို Support ပြုလုပ်မယ့် 12MP f2.4 Telephoto Sensor ပါဝင်မှာဖြစ်ပါတယ်။ OnePlus 8 Pro ဖုန်းမှာဆိုရင် 3D ToF Sensor ပါ ပါဝင်လာမယ့်အပြင် 10x Hybrid Optical Zoom ကိုပါ OIS ၊ EIS Support ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ OnePlus 8 Lite ဖုန်းကတော့ 48MP Sony IMX596 Primary Sensor ၊ 16MP f2.2 Ultrawide နဲ့ 12MP f2.4 Telephoto Sensor တွေပါဝင်လာမယ်လို့ ယူဆရပါတယ်။
Selfie Camera အနေနဲ့ကတော့ OnePlus 8 နဲ့ 8 Pro ဖုန်းတွေက 32MP Sony IMX616 Sensor ကို 3D ToF Dual Camera ထည့်သွင်းထားမှာဖြစ်ပြီး OnePlus 8 Lite ဖုန်းကတော့ Single 16MP Sony IMX471 Sensor ပဲ ပါဝင်လာမှာဖြစ်ပါတယ်။
Battery ပိုင်းမှာဆိုရင်လည်း OnePlus 8 နဲ့ 8 Lite ဖုန်းတွေက 30W Fast Charging ကို Support ပြုလုပ်တဲ့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး OnePlus 8 Pro ကတော့ 35W Fast Charging ကို Support ပြုလုပ်တဲ့ 4500mAh Battery ပါဝင်လာမှာဖြစ်ပါတယ်။ အခု OnePlus 8 Series ဖုန်းတွေအကုန်လုံး Stereo Speaker ပါဝင်လာမယ်လို့လည်း သိရပါတယ်။
ဒ့ါအပြင် ယခင် OnePlus ဖုန်းတွေလိုမျိုးမဟုတ်ဘဲ OnePlus 8 နဲ့ 8 Pro ဖုန်းတွေက IP68 Water Resistant ဖြစ်မှာဖြစ်တဲ့အပြင် OnePlus 8 Lite ဖုန်းမှာလည်း IP53 ပါဝင်လာမှာပါ။
စျေးနှုန်းတွေအနေနဲ့ကတော့ OnePlus 8 ဖုန်းက RAM နဲ့ Storage ပေါ်မှုတည်ပြီး 3,699 Yuan (မြန်မာငွေ ၈ သိန်းဝန်းကျင်) ကနေ 4,299 Yuan (မြန်မာငွေ ၉သိန်းခွဲဝန်းကျင်) အထိကျသင့်မှာဖြစ်ပါတယ်။ OnePlus 8 Pro ဖုန်းကတော့ 4,999 Yuan (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) ကနေ 5,999 Yuan (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) အထိရှိမှာပါ။ စျေးအသက်သာဆုံးဖြစ်လာမယ့် OnePlus 8 Lite ဖုန်းကတော့ 2,999 Yuan (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) ကနေ 3,299 Yuan (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။
Ref – Gizmo China
Zawgyi
OnePlus ကနေ လာမယ့် ၂၀၂၀ ခုနှစ်မှာ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေအပြင် ဈေးပိုသက်သာတဲ့ OnePlus 8 Lite ဖုန်းကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ အခု OnePlus 8 Series ဖုန်းတွေဟာ မိတ်ဆက်ဖို့ လပိုင်းလောက်လိုသေးတယ်ဆိုပေမယ့် Chinese Tipster တစ်ဦးကနေ OnePlus 8 ဖုန်းတွေမှာပါဝင်လာမယ့် Specs တွေအပြင် ဈေးနှုန်းကိုပါ ဖော်ပြခဲ့ပါတယ်။
Ref – Gizmo China