OnePlus ကုမ္ပဏီဟာ OnePlus 7 နဲ့ 7 Pro တို့ကို ပြီးခဲ့တဲ့နှစ်တုန်းက မေလမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဆက်ခံသူတွေဖြစ်တဲ့ OnePlus 8 နဲ့ 8 Pro စီးရီးသစ်ကတော့ အခုနှစ်မှာ အချိန်အနည်းငယ်စောပြီး မတ်လကုန် ဒါမှမဟုတ် ဧပြီလလောက်မှာ မိတ်ဆက်လာမယ်လို့ သတင်းထွက်ထားပါတယ်။

ယနေ့မှာ OnePlus ကုမ္ပဏီနဲ့ နီးစပ်တဲ့ရင်းမြစ်ကနေ ကြားသိခဲ့ရတယ် ဆိုတဲ့ Techradar ကတော့ OnePlus 8 စီးရီးကို မတ်လကုန်မှာမြင်ရမှာမဟုတ်ဘဲ ဧပြီလ အလယ်လောက်မှာမြင်တွေ့ရမယ်လို့ ပထမဦးဆုံး ဖော်ပြလာခဲ့ပါတယ်။

OnePlus ဟာ မျိုးဆက်သစ် OnePlus 8 စီးရီးနဲ့ပတ်သက်ပြီး ဘာအချက်အလက်မှ တရားဝင်အတည်မပြုရသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့သတင်းတွေကနေ 8 စီးရီးဝင် စမတ်ဖုန်းသုံးလုံးပါဝင်လာမယ်လို့ ကြားသိထားရပြီး သူတို့ကတော့ ရိုးရိုး OnePlus 8, 8 Pro နဲ့ ဈေးသက်သာတဲ့ Lite ဗားရှင်းတို့ဖြစ်မှာပါ။

ရိုးရိုးနဲ့ Pro မော်ဒယ်တို့ကို မိတ်ဆက်တဲ့အချိန်မှာ Lite ကိုတစ်ခါတည်း ထည့်သွင်းလာပါ့မလား ဆိုတာတော့ မသိရသေးပါဘူး။ OnePlus ဟာ ပုံမှန်အားဖြင့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို အိန္ဒိယဈေးကွက်နဲ့ ဂလိုဘယ်အတွက်ဆိုပြီး တပြိုင်တည်းကျင်းပလေ့ရှိပေမယ့် အခုအချိန်မှာတော့ COVID-19 ဗိုင်းရပ်စ်ရန်ကြောင့် အခြားထုတ်လုပ်သူတွေလိုပဲ အွန်လိုင်းကနေ မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena