OnePlus 8 စီးရီးအတွက် တရားဝင်မိတ်ဆက်ရက်ကိုတော့ ဧပြီလ ၁၄ ရက်နေ့ကို အတည်ပြုသတ်မှတ်လိုက်ပါပြီ။ OnePlus ရဲ့တရားဝင်တွစ်တာအကောင့်မှာ ဒီမိတ်ဆက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်မယ့် အချိန်ကိုပါ ပြသနေပြီဖြစ်ပြီး OnePlus ရဲ့တရားဝင်ဝက်ဆိုက်နဲ့ YouTube တွေမှာ မြင်တွေ့ရမှာပါ။

အခုနှစ်ဖုန်းတွေအတွက် Tagline ကတော့ “Lead with Speed” ဖြစ်ပါတယ်။ သူတို့ရဲ့ဝက်ဆိုက်မှာတင်ထားတဲ့ Teaser အရတော့ “8” စီးရီးဝင် စမတ်ဖုန်းအသစ်တွေနဲ့အတူ ကုမ္ပဏီရဲ့ OnePlus TV 55 Q1 ကိုပါ နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်လာမယ့်ပုံပါပဲ။

OnePlus 8 စမတ်ဖုန်းစီးရီးကို ကာလာသုံးမျိုးနဲ့မိတ်ဆက်လာမယ်လို့ မျှော်မှန်းထားပြီး Vanilla နဲ့ Pro မော်ဒယ်တွေ ထွက်ပြီးလို့ လအနည်းငယ်ကြာမှသာ Lite ဗားရှင်းကို ထပ်ခေါ်ဆောင်လာမယ်လို့ယူဆရပါတယ်။ ဒီ Flagship မော်ဒယ် နှစ်ခုကတော့ 120Hz နဲ့ 90Hz Refresh Rate ပါတဲ့ Display တွေနဲ့ အသီးသီးထွက်ရှိလာမှာပါ။

အတွင်းမှာ Snapdragon 865 ချစ်ပ်ဆက်အသစ်တွေနဲ့အတူ 5G ချိတ်ဆက်နိုင်စွမ်းပါ ပါဝင်လာမှာဖြစ်ပေမယ့် ဈေးပိုချိုတဲ့ Lite မော်ဒယ်ကျရင်တော့ MediaTek Dimensity ချစ်ပ်ဆက်နဲ့ထွက်လာနိုင်ပါတယ်။ OnePlus Z အမည်နဲ့ ထွက်လာနိုင်ခြေရှိတဲ့ 8 Lite ဟာ ဈေးနှုန်းကတော့ ယူရို ၄၅၀ (မြန်မာငွေ ၆ သိန်း ၉ သောင်းနီးပါး) သတ်မှတ်လာမယ်လို့ သတင်းထွက်ထားပါတယ်။

Ref – GSM Arena