လွန်ခဲ့တဲ့ ဇူလိုင်လနောက်ဆုံးရက်တွေမှာ OnePlus 8T ကို Geekbench ပေါ်မှာ တွေ့မြင်ခဲ့ကြရပါတယ်။ ဒီဟန်းဆက်ဟာ Flagship စီးရီးဝင်ဖြစ်ပြီး OnePlus 8T Pro နဲ့အတူ ထွက်ပေါ်လာမှာလည်း ဖြစ်ပါတယ်။ Geekbench ကတစ်ဆင့် သိခဲ့ရတာက OnePlus 8T ရဲ့ အစိတ်အပိုင်းအကြောင်းအချို့ဖြစ်ပါတယ်။

အခု ထွက်ပေါ်လာတာက OnePlus 8T ရဲ့ Render ပုံရိပ်ပါ။ Android 11 Developer Preview အနေနဲ့ ပေါက်ကြားထွက်ပေါ်လာတာပါ။ ဟန်းဆက်နဲ့ပတ်သက်ပြီး များများစားစားမပြောနိုင်ပေမယ့် အရှေ့ဘက် မျက်နှာပြင်ပိုင်းကိုတော့ ရှင်းရှင်းလင်းလင်း မြင်တွေ့ရတဲ့ ပုံရိပ်ဖြစ်ပါတယ်။

Render အရ OnePlus 8T ဟာ OnePlus 8 နဲ့ ခပ်ဆင်ဆင်လို့ ဆိုရမှာပါ။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole တစ်ခုနဲ့အတူ Selfie ကင်မရာ တစ်လုံးပါဝင်မှာပါ။ ပုံမှာမြင်ရတဲ့ Software တည်ဆောက်မှုကတော့ OnePlus_8T.webp လို့ ခေါင်းစဥ်တပ်ထားပါတယ်။

အခြားအချက်အလက်တွေအနေနဲ့ Game Space menu ကို Landscape ရော Portrait မှာပါ ပြန်ပြီးပြုပြင်ထားတာကိုလည်း တွေ့မြင်ရပါတယ်။ လာမယ့် Device တွေအတွက် 8K video ထောက်ပံ့ပေးမယ့် OnePlus Camer app (version 5.4.74) အကြောင်းကိုလည်း အရိပ်အမြွက် သိခဲ့ရပါတယ်။ Messages app ကလည်း RCS standard ထောက်ပံ့မှုကို ရရှိမယ်လို့ ဖော်ပြထားပါတယ်။

ကနဦး သတင်းတွေမှာတော့ OnePlus 8T ဟာ Snapdragon 865 ဒါမှမဟုတ် Plus အမျိုးအစား သုံးထားပြီး 8GB of RAM နဲ့ တွဲဖက်ထားမယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ကင်မရာနဲ့ ပတ်သက်ပြီး 64MP ကင်မရာ တပ်ဆင်ထားမယ်လို့လည်း ဆိုကြပါတယ်။ ဒါ့အပြင် 65W Super Warping Charging ပါဝင်မယ်လို့လည်း မျှော်လင့်ရပါတယ်။

Ref: GSM Arena