OnePlus ကနေ ယခုနှစ်အစောပိုင်းမှာ OnePlus 8 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း ပုံမှန်နှစ်စဥ်မိတ်ဆက်နေကျ OnePlus 8T Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာပါ။

အခုတော့ OnePlus 8T စမတ်ဖုန်းမှာပါဝင်လာမယ့် Specification တွေက ထွက်ရှိလာပြီဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ Android Central ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Qualcomm Snapdragon 865+ နဲ့ RAM 8GB ၊ 128GB Storage တွေပါဝင်မှာသေချာတယ်လို့ သိရပါတယ်။

Display အနေနဲ့ကတော့ OnePlus 8 ဖုန်းမှာပါဝင်တဲ့ 6.55″ AMOLED Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Refresh Rate ကိုလည်း 90Hz အစား 120Hz အထိ တိုးမြှင့်သုံးစွဲလာမှာဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ OnePlus 8T မှာ FullHD+ ပဲအသုံးပြုလာဦးမှာဖြစ်ပြီး OnePlus 8T Pro မှာတော့ QHD+ အထိပါဝင်လာဖွယ်ရှိနေပါတယ်။

Camera အနေနဲ့ကတော့ အတိအကျမသိရှိရသေးပေမယ့် 48MP Camera Setup ကနေ ပိုပြီးအဆင့်မြှင့်တင်ထားမယ်လို့ ယူဆရပါတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus 8T ဖုန်းတွေဟာ Android 11 နဲ့စတင်ထွက်ရှိလာမယ့်ဖုန်းတွေလည်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Android 11 အပြင် UI Design ပြောင်းလဲမှုအများအပြားပါဝင်တဲ့ OxygenOS 11 ကိုလည်း အသုံးပြုလာမှာပါ။

OnePlus 8T ရဲ့ Codename ကိုတော့ “Kebab” လို့ ပေးထားတယ်လို့ သိရပြီးတော့ လာမယ့်အောက်တိုဘာလဝန်းကျင်မှာ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Ref – 9to5Google