ကာလရှည်ကြာ သတင်းထွက်နေတဲ့ OnePlus ရဲ့ Flagship Killer ဇာတ်လိုက်ကျော် 8T ကို တရားဝင် ကြေညာလိုက်ပါပြီ။ Flagship Killer ဆိုတဲ့အတိုင်း စွမ်းရည်မြင့်မားပြီး ဈေးနှုန်းအပိုင်းမှာ ပြိုင်ဖက်တွေထက် သက်သာနေပါတယ်။ အခုတော့  အဲဒီဖုန်း တကယ် အကြမ်းခံသလားဆိုတာကို JerryRigEverything YouTube Channel မှ Zack က စမ်းသပ်လိုက်ပါတယ်။

ထုံးစံအတိုင်းပဲ Zack က OnePlus 8T ကို ဓါးနဲ့ခြစ်တာ၊ မီးရှို့တာနဲ့ ကွေးညွှတ်တာတွေ ပြုလုပ်ပြခဲ့ပါတယ်။ OnePlus 8T ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

ဓါးနဲ့ခြစ်တဲ့အခါမှာ Mohs Hardness Scale Level Six မှာ ခြစ်ရာ စထင်ခဲ့ပြီး Level Seven မှာတော့ ခြစ်ရာ ပိုနက်လာပါတယ်။ Gorilla Glass ရဲ့ မာကျောမှုက ကောင်းပါတယ်။ ဘေးဘက်တွေနဲ့ ခလုတ်တွေဟာ သတ္တုတွေ ဖြစ်ပြီး ထိပ်ဖက်က စပီကာ အပေါက်က ပလတ်စတစ် ဖြစ်ပါတယ်။ မီးရှို့တဲ့ စမ်းသပ်မှုမှာ စက္ကန့် ၃၀ ကြာပြီးနောက် Pixels တချို့ မီးလောင်သွားပါတယ်။

ကွေးညွှတ်တဲ့ စမ်းသပ်ချက်မှာ OnePlus 8T ဟာ အောင်ပွဲခံသွားပါတယ်။ ဖုန်းတော်တော်များများဟာ Zack ရဲ့ လက်သံပြောင်ချက်ကို မခံနိုင်ကြပါဘူး။ OnePlus 8T ကတော့ ဖရိမ် နည်းနည်းလေးပဲ ကွေးသွားပြီး အနောက်ဘက်က ဖန်မျက်နှာပြင်ဟာ နည်းနည်း ဟသွားပါတယ်။ လုံးဝ ကွေးညွှတ်သွားတာ၊ ကွဲအက်သွားတာ မရှိပါဘူး။ OnePlus 8T ဟာ တော်တော် အကြမ်းခံတဲ့ စမတ်ဖုန်းလို့ ညွှန်းလိုက်ချင်ပါတယ်။

Ref : gsmarena