OnePlus ဟာ လာမယ့်အောက်တိုဘာ ၁၄ ရက်နေ့မှာ OnePlus 8T စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ OnePlus 8T ဟာ 65W Fast Charging ကို Support ပြုလုပ်မယ့် 4500mAh Battery နဲ့ 120Hz AMOLED Display တွေပါဝင်မယ်ဆိုတာကိုလည်း အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

အခုလည်း OnePlus ကနေ OnePlus 8T နဲ့သက်ဆိုင်တဲ့ နောက်ထပ်သတင်းတစ်ခုကို အတည်ပြုခဲ့ပါတယ်။ ဒါကတော့ OnePlus 8T ဟာ မိတ်ဆက်တဲ့အချိန်မှာ Android 11 ကို အခြေခံထားတဲ့ Oxygen OS 11 နဲ့ တရားဝင်ထွက်ရှိလာမှာပဲဖြစ်ပါတယ်။ ဒါက OnePlus 8T ကို Google Pixel ဖုန်းတွေကလွဲပြီး မိတ်ဆက်တဲ့အချိန်မှာ Android 11 OS ကို အသုံးပြုထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာမှာပါ။

Google ကလည်း စက်တင်ဘာလ ၃၀ ရက်နေ့မှာ Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပြီးတော့ အဆိုပါ စမတ်ဖုန်းတွေကလည်း Android 11 OS နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် Oxygen OS 11 ဟာ Stock Android နဲ့ရော၊ ယခင် Oxygen OS တွေကနေ တော်တော်လေးကို ကွဲထွက်တဲ့ User Interface ကို အသုံးပြုထားတဲ့အတွက် OnePlus 8T ဟာ လက်ရှိ OnePlus ဖုန်းတွေထက်တောင် အသုံးပြုရတာကွာခြားနိုင်ပါတယ်။

လောလောဆယ်မှာ Oxygen OS 11 ကို စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ OnePlus ကနေ Open Beta အနေနဲ့ ထုတ်ပေးထားပြီး အောက်တိုဘာလအတွင်းမှာ OnePlus 8 ၊ 8 Pro နဲ့ OnePlus Nord ဖုန်းတွေအတွက် Stable Oxygen OS 11 Update ရရှိလာနိုင်ပါတယ်။ OnePlus ရဲ့ ပြောကြားချက်အရတော့ OnePlus 6 နောက်ပိုင်းဖုန်းတွေအကုန်လုံး Oxygen OS 11 Update ကို ရရှိမှာဖြစ်ပေမယ့် ဘယ်အချိန်မှာရရှိမလဲဆိုတာကိုတော့ အတိအကျဖော်ပြထားခြင်းမရှိသေးပါဘူး။

Ref – Android Authority