OnePlus ကနေ လာမယ့် ၂၀၂၁ ခုနှစ်မှာ OnePlus 9 Series ကို ယခင်ထက် တစ်လစောပြီး မတ်လအတွင်းမှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း OnePlus 9 Pro လို့ ယူဆရတဲ့စမတ်ဖုန်းရဲ့ Render ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါပြီ။

အခု Render ဓါတ်ပုံတွေကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ @OnLeaks ကနေ ဖော်ပြခဲ့တာဖြစ်တဲ့အတွက် မှန်ကန်နိုင်ခြေများနေပါတယ်။

OnePlus 9 Pro ဟာ နောက်ကျောဘက် Design အရတော့ OnePlus 8T နဲ့ဆင်တူပြီးတော့ Triple Camera Setup ကိုပဲ အသုံးပြုလာဖွယ်ရှိနေပါတယ်။ အရောင်အနေနဲ့ကတော့ Render ဓါတ်ပုံတွေမှာ Dark Blue ကို အသုံးပြုထားပေးမယ့် တကယ်တမ်းထွက်ရှိလာတဲ့အချိန်မှာတော့ ပြောင်းလဲနိုင်ပါတယ်။

အရှေ့ဘက် Display ပိုင်းမှာတော့ ယခင် OnePlus 8 Pro လိုမျိုးပဲ Curved Display ကို Single Punch-hole Camera နဲ့ပဲ ဆက်လက်မိတ်ဆက်လာမှာဖြစ်ပါတယ်။ @OnLeaks ကတော့ 6.7″ Display Size ရှိမယ်လို့ ပြောကြားခဲ့ပြီး အရှေ့ဘက် Design ပိုင်းအရတော့ ပြောင်းလဲမှုသိပ်မရှိဘူးလို့တောင်ပြောနိုင်ပါတယ်။

OnePlus ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း OnePlus 8T ဖုန်းကိုပဲ မိတ်ဆက်ခဲ့ပြီး OnePlus 8T Pro ကိုတော့ မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။ ဖြစ်နိုင်ခြေများနေတာကတေ့ာ OnePlus 9 Series ကို ပုံမှန်ထက်စောပြီး မိတ်ဆက်လာနိုင်တာကြောင့် ဒီလိုမျိုး OnePlus 8T တစ်မျိုးတည်း မိတ်ဆက်ခဲ့တာဖြစ်နိုင်ပါတယ်။

Ref – 9to5Google