OnePlus 9 Series တွေကို စတင်ဖန်တီးနေပြီး နောက်နှစ် မတ်လလောက်မှာကြေညာနိုင်ပါတယ်။ အခုတော့ အဲဒီဖုန်းတွေရဲ့ မော်ဒယ်နံပါတ်တွေနဲ့ အဓိက Specs တွေ ထွက်လာပါတယ်။ TechDroider က OnePlus 9 နဲ့ 9 Pro တို့ရဲ့ မော်ဒယ်နံပါတ်တွေကို မျှဝေထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

OnePlus 9 series could arrive sometime around mid-March: Report - Gizmochina

OnePlus 9- LE2110

OnePlus 9 Pro- LE2117, LE2119, LE2120.

Mysterious Device- LE2127.

OnePlus 9 Pro အတွက် မော်ဒယ်နံပါတ်က ၃ မျိုး ဖြစ်တဲ့အတွက် မော်ဒယ် ၃ မျိုး ထွက်လာနိုင်ပါတယ်။ နောက်ဆုံး ၁ လုံးဟာ OnePlus 9 Series လား ဆိုတာ မသိရသေးပါဘူး။

OnePlus 9 release date, price, news and rumors | TechRadar

ပေါက်ကြားနေတဲ့ သတင်းတွေအရ OnePlus 9 Series မှာ Snapdragon 875 Chipset မောင်းနှင်ထားပြီး AMOLED မျက်နှာပြင်ပါလာမှာပါ။ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ထည့်သွင်းထားပြီး 144Hz Refresh Rate , IP68 စံနှုန်း, NFC , Dual Stereo Speaker တွေ ထောက်ပံ့ထားမှာဖြစ်ပြီး 40W Wireless Charging နဲ့ 65W Wired Charging ထည့်သွင်းထားမှာပါ။

TechDroider က OnePlus 9 Series ကို ကြေညာပြီးနောက်ပိုင်းမှာ OnePlus 9T Series ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်လို့ သတင်းပေးထားပါတယ်။ လက်ရှိမှာ ပေါက်ကြားသတင်းတွေ နည်းနည်းပဲ ရထားသေးပြီး မကြာခင်မှာ OnePlus 9 Series တွေရဲ့ သတင်းအချက်အလက်တွေ ပိုမိုသိလာရတော့မှာပါ။

Ref : gizmochina