ပြီးခဲ့တဲ့တစ်ပတ်က OnePlus ဖုန်းကို မော်ဒယ်နံပါတ် LE2117 နဲ့အတူ Geekbench မှာတွေ့ခဲ့ကြရပါတယ်။ ဒီ ဟန်းဆက်ကို OnePlus 9 Pro ဖြစ်ရမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အခုတော့ နောက်ထပ် OnePlus ဖုန်းတစ်မျိုးကို မော်ဒယ်နံပါတ် LE2113 နဲ့အတူ Geekbench မှာထပ်ပြီးတွေ့ကြရပြန်ပြီ ဖြစ်ပါတယ်။

ဒီတစ်ခါတွေ့ရတဲ့ ဟန်းဆက်ကိုတော့ OnePlus 9 vanilla ဖြစ်မယ်လို့ မှတ်ယူကြပါတယ်။ Geekbench မှာ OnePlus 9 ရဲ့ ကုဒ်နာမည်ကို “Lahaina” လို့ ဖော်ပြထားပါတယ်။ ဒါဟာ Qualcomm Snapdragon 875 processor ဖြစ်ကြောင်း ရှင်းလင်းသေချာတဲ့ သဲလွန်စပဲ ဖြစ်ပါတယ်။ SoC ကို တွဲဖက်ပေးထားတာကတော့ 8GB of RAM ဖြစ်တာကိုလည်း တွေ့ရပါတယ်။

စမတ်ဖုန်းဟာ Android 10 OS ကို အသုံးပြုထားတာဖြစ်ပြီး Single-Core ရမှတ်ကတော့ 1,115 မှတ်ရရှိထားပါတယ်။ Multi-Core ရမှတ်ကတော့ 3,483 မှတ်ဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။ 9 Pro ကတော့ Single-Core 1,122 နဲ့ Multi-Core 2,733 ပဲ ရရှိထားတာကို တွေ့မြင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိတွေ့မြင်ရတဲ့ရလဒ်တွေဟာ ရှေ့ပြေးပုံစံတွေကို စမ်းသပ်ထားတာဖြစ်တဲ့အတွက် အမှန်တကယ်စွမ်းဆောင်ရည်အဖြစ် အတည်မှတ်ယူလို့မရသေးပါဘူး။

ကနဦးသတင်းတွေအရတော့ OnePlus 9 vanilla ဟာ Flat Display, 144Hz Refresh Rate နဲ့၊ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံး ပါဝင်မယ်လို့ ဆိုနိုင်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးတပ်ဆင်ထားမှာဖြစ်ပြီး အဓိကကင်မရာက 64MP နဲ့အထက် ဖြစ်ဖွယ်ရှိပါတယ်။ ဘက်ထရီပမာဏကို မသိရသေးပေမယ့် အနည်းဆုံးတော့ Warp Charge 65 fast charging technology ကို ထောက်ပံ့လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina