OnePlus ဟာ အစောပိုင်းနှစ်တွေတုန်းက Flagship စမတ်ဖုန်းတွေကိုပဲ မိတ်ဆက်လာခဲ့ပေမယ့် ၂၀၂၀ခုနှစ်မှာ ပြောင်းလဲပြီး OnePlus Nord Series နာမည်နဲ့ Mid Range စမတ်ဖုန်းတွေကိုပါ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus Buds လိုမျိုး True Wireless Earbuds တွေကိုပါ ရောင်းချနေပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် OnePlus အနေနဲ့ ၂၀၂၁ ခုနှစ်မှာလည်း သက်သာတဲ့ စျေးနှုန်းမျိုးနဲ့ စမတ်ဖုန်းတွေအပြင် Accessories တွေကိုပါ ထုတ်လုပ်ဖို့ရှိနေတယ်ဆိုတာ သေချာသလောက်ဖြစ်နေပါတယ်။ OnePlus ကိုယ်တိုင်က ၂၀၂၁ ခုနှစ်အစောပိုင်းမှာ Smartwatch ကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ ပြောကြားခဲ့ပြီး အခုထွက်ပေါ်လာတဲ့သတင်းတွေအရ နောက်ထပ် Wearable Device တစ်ခုကိုပါ မိတ်ဆက်သွားမယ်လို့သိရပါတယ်။

ဒါကတော့ OnePlus Band နာမည်နဲ့ ထွက်ရှိလာမယ့် Fitness Tracker ပဲဖြစ်ပါတယ်။ OnePlus အနေနဲ့ အဆိုပါ OnePlus Band ကို လာမယ့် ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး ကုမ္ပဏီအတွက် ပထမဆုံး Wearable Fitness Tracker ဖြစ်လာမှာပါ။

လက်ရှိအချိန်မှာ Fitness Tracker စျေးကွက်ကို Xiaomi Mi Band Series တွေက ရယူထားပြီး တခြားသော Huawei ၊ Honor ၊ OPPO ၊ Samsung နဲ့ realme လိုမျိုး ကုမ္ပဏီတွေကလည်း ထုတ်လုပ်ထားပါသေးတယ်။ အဲ့ဒီအတွက် OnePlus အနေနဲ့ ပြိုင်ဆိုင်မှုတော်တော်လေးပြင်းထန်တဲ့စျေးကွက်ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။

OnePlus Band ဟာ AMOLED Display ကို အသုံးပြုထားမှာဖြစ်ပြီး Multi-day Battery Life ကိုလည်း ရရှိစေမယ်လို့ သိရပါတယ်။ Render ဓါတ်ပုံတွေအရတော့ OnePlus Band ဟာ လက်ရှိ OPPO Band ကိုပဲ နာမည်ပြောင်းလဲထားမယ့် ပုံစံဖြစ်နေပါတယ်။

တခြားသောအချက်အလက်တွေကိုတော့ အသေးစိတ်မသိရသေးပေမယ့် OnePlus အနေနဲ့စျေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀ အောက် (မြန်မာငွေ ၅ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China