OnePlus က Wearable နယ်ပယ်ထဲကို OnePlus Band နဲ့ ဝင်ရောက်လာပါပြီ။ ဈေးချိုတဲ့ စမတ်လက်ပတ် ဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးနိုင်ပါတယ်။ ၁.၁ လက်မ AMOLED ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး ခလုတ် ၁ ခုမှ မပါပါဘူး။ မျက်နှာပြင် အရည်အသွေးက 126×294 Pixels ဖြစ်ပြီး Customization Option များစွာ ပါပါတယ်။ Watch Face ပေါင်း ၃၇ ခုတောင် ထည့်သွင်းထားပါတယ်။

OnePlus Band is official with color display, 14 days battery life

အရမ်းကို ပေါ့ပါးတဲ့ စမတ်လက်ပတ် ဖြစ်ပြီး လက်ပတ်ကြိုးအတွက် Black , Navy နဲ့ Tangerine Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။ လေ့ကျင့်ခန်း Mode ပေါင်း ၁၂ ခု ထည့်သွင်းထားပြီး တခြား လေ့ကျင့်ခန်းတွေအတွက် Free Trainging Option ပါပါတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပြီး Android ဖုန်းတွေနဲ့ ချိတ်ဆက်ဖို့ Bluetooth 5.0 ထည့်သွင်းထားပါတယ်။ ဖုန်းက သီချင်းတွေကို စမတ်လက်ပတ်ကနေ ထိန်းချုပ်နိုင်ပြီး ကင်မရာ Shutter အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကိုလည်း တွက်ချက်ပေးနိုင်ပါတယ်။

OnePlus Band is official with color display, 14 days battery life

OnePlus က ဘက်ထရီ ပမာဏကို မပြောသေးပေမယ့် ၁ ခါ အားအပြည့်သွင်းထားရင် ၂ ပတ်လောက် အသုံးခံတယ်လို့ ပြောပါတယ်။ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေကို သုံးရင်တော့ ဘက်ထရီ မြန်မြန် ကုန်နိုင်ပါတယ်။

OnePlus Band is official with color display, 14 days battery life

OnePlus Band ကို ၂,၇၉၉ ရူပီး သတ်မှတ်ထားပြီး ၅ သောင်းလောက်ကျသင့်ပါတယ်။ လက်ပတ်ကြိုးအပိုကို ၃၉၉ ရူပီးနဲ့ ဝယ်ယူနိုင်ပြီး ၇ ထောင်လောက် တန်ကြေးရှိပါတယ်။ OnePlus က ရောင်းမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena