OnePlus ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Mid Range Nord Series စမတ်ဖုန်းတွေအပြင် OnePlus Buds နဲ့အတူ True Wireless Earbuds စျေးကွက်ကိုပါ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus ကုမ္ပဏီအတွက် ပထမဆုံးသော Fitness Tracker အသစ်ကိုလည်း မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အခုအချိန်မှာတေ့ာ OnePlus ကိုယ်တိုင်ကနေ OnePlus Fitness Band အသစ်ကို လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ အခု OnePlus Fitness Tracker ကိုတော့ India နိုင်ငံမှာ အရင်ဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ishan Agarwal ကတော့ စျေးနှုန်းအနေနဲ့ ₹2,499 (မြန်မာငွေ ၄ သောင်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့အချက်အလက်တွေအနေနဲ့ကတော့ OnePlus Fitness Band ဟာ 1.1″ AMOLED Display ကို အသုံးပြုထားပြီး Heart Rate Sensor ၊ SpO2 Sensor နဲ့ Sleep Monitoring လိုမျိုး Feature တွေကိုပါ Support ပြုလုပ်မယ်လို့ သိရပါတယ်။ IP68 Dust & Water Resistant Rating အပြင် Exercise Mode ၁၃ ခုနဲ့ Battery Life ကလည်း ၁၄ ရက်ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Feature တွေဟာ OPPO က မိတ်ဆက်ထားပြီးဖြစ်တဲ့ OPPO Band နဲ့ အကုန်လုံးနီးပါးဆင်တူနေပြီးတော့ Design ပိုင်းအရလည်း OPPO Band နဲ့ တူညီမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် OnePlus ရဲ့ ပထမဆုံး Fitness Band ဟာ OPPO Band ကိုပဲ နာမည်ပြောင်းလဲထားတဲ့ Product တစ်ခုဖြစ်မှာပါ။

ဘာပဲဖြစ်ဖြစ် OnePlus Fitness Band အသစ်ဟာ လက်ရှိမှာ စျေးကွက်ကို နေရာယူထားနိုင်တဲ့ Xiaomi Mi Band Series နဲ့ အဓိကယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

Ref – Gizmo China