OnePlus ဟာ ကုမ္ပဏီရဲ့ ပထမဆုံး True Wireless နားကြပ် ဖြစ်တဲ့ OnePlus Buds ကို ဖန်တီးနေတာ လအနည်းငယ်ကြာနေပါပြီ။ အရင်သတင်းတွေအရ နားကြပ်ကို OnePlus 8 Series တွေနဲ့အတူ ကြေညာမယ်လို့ သိခဲ့ရပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အခုတော့ နားကြပ်ကို OnePlus Nord နဲ့အတူ ၂၁ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

နားကြပ်ကို ဖင်လန်က SGS Fimko Agency မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်ဟာ E501A ဖြစ်ပါတယ်။ Charging Case ရဲ့ အားသွင်းနှုန်းက 5V/1.5A or 7.5W ဖြစ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ ဓါတ်ပုံတွေအရ OnePlus Buds ဟာ Apple AirPods နဲ့ အရမ်းကို ဆင်တူပါတယ်။ အရှေ့ဘက်မှာ LED ပါပြီး လုံးဝန်းတဲ့ Charging Case ထည့်ထားမှာပါ။

OnePlus Buds TWS နားကြပ်မှာ Touch Controls , Google Assistant တွေ ပါလာနိုင်ပြီး OnePlus Device တွေနဲ့ လျှင်မြန်စွာ ချိတ်ဆက်နိုင်မှာပါ။ ဒါပေမယ့် လက်ရှိမှာ နားကြပ်ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။

OnePlus ဟာ Bullets Brand ကနေ Audio Accessory အနည်းငယ် ထုတ်လုပ်ရောင်းချထားပါတယ်။ OnePlus Bullets Wired နားကြပ်၊ Bullets Wireless နားကြပ်နဲ့ Bullets Wireless Z တို့ကို ချပြပြီးပါပြီ။

Ref : gizmochina