OnePlus ဟာ လာမယ့်ဇူလိုင်လ ၂၁ ရက်နေ့မှာ OnePlus Nord ဖုန်းသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ OnePlus Nord ဖုန်းအပြင် OnePlus Buds နာမည်နဲ့ True Wireless Earbuds တစ်ခုကိုပါ မိတ်ဆက်ဖို့ရှိနေပြီးတော့ အခုလည်းပါဝင်လာမယ့် Feature တစ်ခုကထွက်ပေါ်လာခဲ့ပါပြီ။

ဒါကတော့ OnePlus Buds True Wireless Earbuds ဟာ တခြားသော OnePlus စမတ်ဖုန်းတွေလိုမျိုးပဲ Wrap Charging Feature ကို Support ပြုလုပ်မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ၁၀ မိနစ်ခန့်အားသွင်းရုံနဲ့ အချိန် ၁၀ နာရီခန့်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အဆိုပါ ပမာဏဟာ Apple AirPods လိုမျိုး ၁၅ မိနစ်အားသွင်းပြီး ၅ နာရီနားထောင်နိုင်တယ်ဆိုတာထက် အများကြီးပိုပြီး မြန်ဆန်နေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus Buds ဟာ ဆက်တိုက်သီချင်းနားထောင်မယ်ဆိုရင် ၇ နာရီအထိနဲ့ Charging Case နဲ့တွဲဖက်အသုံးပြုမယ်ဆိုရင် နာရီ ၃၀ အထိ အသုံးပြုနိုင်ဦးမှာပါ။

အခုလိုမျိုး Wrap Charge Fast Charging ကို Support ပြုလုပ်မှာဖြစ်တဲ့အတွက် Wireless Charging လိုမျိုး Feature တော့ ပါဝင်လာမှာမဟုတ်လောက်ပါဘူး။ ဒါပေမယ့်လည်း စျေးပိုသက်သာနိုင်သလို Half In-ear Design ကြောင့် တခြားသော ပြိုင်ဘက်တွေထက် ပိုပြီးအသံအရည်အသွေးပိုင်းမှာ ပိုကောင်းနိုင်ပါတယ်။

Ref – Gizmo China