OnePlus က သတင်းများစွာ ထွက်နေတဲ့ OnePlus Buds ကို ကြေညာလိုက်ပြီး Apple AirPods နဲ့ ဆင်တူပါတယ်။ ကုမ္ပဏီ တော်တော်များများက နာမည်ကျော် AirPods ဒီဇိုင်းကို တုပ ထုတ်လုပ်နေကြတဲ့အတွက် ဒါဟာ သိပ် မဆန်းပါဘူး။ ပင်စည်လို လက်တံတွေ ပါလာပြီး Charging Case က ချစ်စရာ ကောင်းပါတယ်။

Case ရဲ့ အရွယ်အစား အပြည့်အစုံမှာ 52.2 x 59.6 x 37.9 mm ပဲရှိတဲ့အတွက် သယ်ဆောင်ရ လွယ်ကူပြီး Matte Finish သုံးထားတဲ့အတွက် လက်ထဲကနေ လွယ်လွယ်နဲ့ မပြုတ်ကျနိုင်ပါဘူး။ Warp Charging အမြန်နှုန်းက အထင်ကြီးစရာ ကောင်းပြီး ၁၀ မိနစ်အားသွင်းရင် ၁၀ နာရီတောင် သီချင်းနားထောင်နိုင်ပါတယ်။ ဒါဟာ Case နဲ့ နားကြပ် ၂ ခုပေါင်း ဘက်ထရီ သက်တမ်း ဖြစ်ပါတယ်။ နားကြပ်ချည်းပဲဆိုရင် ၁၀ မိနစ် အားသွင်းရင် မိနစ် ၁၀၀ နားဆင်နိုင်ပါတယ်။ ဘက်ထရီက 430mAh ဖြစ်ပြီး အားအပြည့်သွင်းထားရင် နာရီ ၃၀ ကြာ သီချင်း နားထောင်နိုင်ပါတယ်။ AirPods တောင် ၂၄ နာရီပဲ အသုံးခံပါတယ်။

နားကြပ်မှာ 13.4mm Dynamic Driver , Bass Boost နဲ့ Dolby Atmos တွေ ထောက်ပံ့ထားတဲ့အတွက် အသံထွက်က မိုက်ပါတယ်။ IPX4 ရေစိုခံနှုန်းပါတဲ့အတွက် ရေစက်ရေပေါက်တွေ မဝင်အောင် ကာကွယ်ပေးနိုင်ပြီး ဖုန်းတွေနဲ့ မြန်မြန် ချိတ်ဆက်နိုင်တဲ့ Fast Pair ထောက်ပံ့ထားပါတယ်။ Touch Gesture တွေနဲ့ အလုပ်လုပ်ခိုင်းလို့ ရပါတယ်။

၈၀ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၁ သောင်းလောက် ရှိပါတယ်။ အဖြူ၊ အညိုနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး  ဒီလ ၂၇ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gizmochina