OnePlus ရဲ့ CEO နဲ့ Co-founder တစ်ဦးဖြစ်တဲ့ Pete Lau ကနေ မကြာသေးခင်က CNet မှာ Exclusive Interview တစ်ခုကို ဖြေဆိုသွားခဲ့ပါတယ်။ အဆိုပါ Interview မှာ လာမယ့် OnePlus 8 Series ဖုန်းတွေနဲ့သက်ဆိုင်တဲ့အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုပါ အတည်ပြုသွားခဲ့ပါတယ်။

ဒါကတော့ Pete Lau ကနေ OnePlus ဟာ 5G ကိုလုံးဝအလေးပေးဆောင်ရွက်သွားတော့မှာဖြစ်ပြီး OnePlus ကနေ မိတ်ဆက်သွားမယ့် OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေအကုန်လုံးမှာ 5G ကို အသုံးပြုနိုင်မှာဖြစ်တယ်ဆိုပြီး ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ OnePlus က လက်ရှိအချိန်မှာ 5G အတွက် နှစ်တွေအများကြီး ရင်းနှီးမြုပ်နှံသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

ဒါပေမယ့်လည်း OnePlus 8 Series ဖုန်းတွေမှာ 5G Support ရရှိလာတာက အားနည်းချက်တစ်ခုရှိလာပြီးတော့ ယခင် 4G ပဲ Support ပြုလုပ်တဲ့ OnePlus ဖုန်းတွေနဲ့ယှဥ်ရင် စျေးနှုန်းပိုမိုမြင့်မားလာမှာပဲဖြစ်ပါတယ်။ Pete Lau ကတော့ စျေးနှုန်းကို ဘယ်လောက်ဝန်းကျင်အထိ ပိုပြီးမြင့်တက်လာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

လောလောဆယ်မှာ 5G Support ပြုလုပ်တဲ့ Samsung Galaxy S20 Series ဖုန်းတွေက $999 ကနေ စတင်တဲ့အတွက် OnePlus 8 အနေနဲ့ $800 ဝန်းကျင်ကနေစတင်နိုင်ပြီး OnePlus 8 Pro ကတော့ $999 ဝန်းကျင်ကနေ စတင်ရောင်းချလာနိုင်ပါတယ်။

တစ်ခုရှိတာကတော့ OnePlus ကနေ ဒီနှစ်မှာ OnePlus 8 Lite ဆိုပြီး စျေးပိုသက်သာတဲ့ Version ကိုပါ မိတ်ဆက်လာဖို့ရှိနေပြီးတော့ အဆိုပါ OnePlus 8 Lite ဖုန်းကတော့ $500 ဝန်းကျင်နဲ့ ရောင်းချလာဖို့များနေပါတယ်။

Ref – Android Authority