၂၀၂၀ ဟာ စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်မှာ အပြောင်းအလဲတွေကို အတော်များများတွေ့ခဲ့ရတဲ့နှစ်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးနှောင့်နှေးမှုတွေဖြစ်နေကြပေမယ့် စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ကတော့ ရှေ့ကိုဆက်တိုးမြဲတိုးနေတာကို မြင်တွေ့ရပါတယ်။

အံ့အားသင့်စရာတွေနဲ့ပြည့်နှက်နေတဲ့ ၂၀၂၀ ပြည့်နှစ်မှာ OnePlus ကလည်း အံ့အားသင့်ဖွယ်အဖြစ် Mid-range ဈေးကွက်ထဲကို ဝင်တိုးလာပါတော့တယ်။ အခုလည်း ဒီအမှတ်တံဆိပ်နဲ့ Mid-range ဟန်းဆက်အသစ်ကို ထပ်ပြီးပွဲထုတ်ဖို့ အရှိန်အဟုန်နဲ့လုပ်ဆောင်နေပုံပေါ်ပါတယ်။ အကြောင်းက TUV Rheinland မှာ OnePlus ရဲ့ နောက်ထပ် ဖုန်းတစ်မျိုးကို တွေ့မြင်ရလို့ပဲ ဖြစ်ပါတယ်။

Certificate အရ ဒီဟန်းဆက်ဟာ OnePlus အမှတ်တံဆိပ်ကိုပဲ ရည်ညွှန်းနေပြီး၊ 33W wall charger ကို ပြသနေပါတယ်။ OnePlus ဟာ သူ့ရဲ့ Flagship lineup ကို 65W fast charging ဆီပြောင်းလဲလိုက်ပြီဖြစ်တာကြောင့်၊ အခုမြင်တွေ့ရတဲ့နှုန်းထားနဲ့ Device ဟာ Mid-range အမျိုးအစားအတွက်ပဲလို့ ကောက်ချက်ချရပါတယ်။ ဒါဟာ ကောလာဟလထွက်နေတဲ့ OnePlus 9E လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

OnePlus 9E နဲ့ပတ်သက်တဲ့သတင်းကလည်း များများစားစား ထွက်ပေါ်သေးတာမဟုတ်ပါဘူး။ ဒီအမျိုးအစားဟာ OnePlus 9 မိသားစုနဲ့ ပူးပေါင်းမယ်ဆိုတာလောက်ပဲ သတင်းထွက်လာသေးတာပါ။ ဒါကြောင့် အခုမြင်တွေ့ရတဲ့ 33W charger certifies ဟာ ဘယ် Device အတွက်ဖြစ်မလဲ၊ OnePlus 9E ကလည်း ဘယ်လို Specs တွေနဲ့ဖြစ်မလဲဆိုတာကိုသိရဖို့ ဆက်ပြီးစောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena