OnePlus က စွမ်းရည်မြင့် စမတ်ဖုန်းတွေကို မကြာခင်က ကြေညာခဲ့ပြီး အဲဒီဖုန်းတွေမှာ 30W Fast Charging ပါလာပါတယ်။ ဒါပေမယ့်လည်း မိခင် ကုမ္ပဏီ BBK Electronics ရဲ့  65W Charging ပါတဲ့ OPPO စမတ်ဖုန်းတွေနဲ့ ယှဉ်ရင်တော့ အရမ်း မမြန်ဘူးလို့ ပြောနိုင်ပါတယ်။ အခုတော့ OnePlus က TUV Rheinland မှာ 10V/6.5A Charger ကို မှတ်ပုံတင်လိုက်ပြီး နောက်မျိုးဆက် စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ ဒီထက် ပိုလန်းတဲ့ Charging ထည့်သွင်းပေးတော့မှာပါ။

အဲဒီ နည်းပညာဟာ OPPO Find X2 Pro နဲ့ တရုတ်မှာ ရောင်းတဲ့ OPPO Ace စမတ်ဖုန်းတွေက နည်းပညာနဲ့ တူညီနိုင်ပါတယ်။ OnePlus 8 Pro မှာ 4,510mAh ဘက်ထရီနဲ့ Warp Charge 30T ပါလာပြီး နာရီဝက် အတွင်းမှာ ၀ ကနေ ၆၃ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ Find X2 Pro မှာ အနည်းငယ်သေးတဲ့ 4,260mAh ဘက်ထရီ ထည့်သွင်းထားပြီး နာရီဝက် အတွင်းမှာ ၉၅ ရာခိုင်နှုန်းတောင် အားသွင်းပေးနိုင်ပါတယ်။

TUV Rheinland Certificate ဟာ လုံခြုံရေး အရည်အသွေး စံနှုန်းကို မှတ်ပုံတင်ပေးတာ ဖြစ်ပါတယ်။ ဒါဟာ သင့် စမတ်ဖုန်း ဒါမှမဟုတ် နည်းပညာကို အသိအမှတ်ပြုပေးတာ ဖြစ်တဲ့အတွက် နောက်ထုတ်မယ့် OnePlus 8T / OnePlus 9 ကို အသုံးပြုတဲ့အခါ မီးလောင်မှာ မဟုတ်ပါဘူး။

Ref : gsmarena