Unicode

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာတည်းက စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ OnePlus ဟာ လာမယ့် ဇန်နဝါရီ ၇ ရက်နေ့၊ လာ့စ်ဗီးဂပ်မြို့မှာ ကျင်းပမယ့် CES 2020 ပွဲတော်ချိန်အတွင်းမှာ သူတို့ပြုလုပ်သွားမယ့် အထူး Event တစ်ခုအတွက်ဆိုပြီး မီဒီယာဖိတ်ကြားလွှာတွေ စတင်ပို့ဆောင်လာခဲ့ပါတယ်။

OnePlus ကုမ္ပဏီက ထိုစဉ်ကတော့ ဘာအတွက်လဲ ဆိုတာကို လုံးဝထုတ်ဖော်မပြောခဲ့ပေမယ့် ယနေ့မှာ သတင်းအသစ်ပေါ်လာခဲ့ပါပြီ။ CES 2020 မှာ OnePlus က မိတ်ဆက်လာမယ့် ထုတ်ကုန်ရဲ့အမည်က OnePlus Concept One လို့ခေါ်ပါတယ်။

OnePlus ဟာ သူတို့ရဲ့ Weibo အကောင့်မှာ Video အတိုလေးတစ်ခုကို တင်လာခဲ့ပြီး ဒီကြေညာချက်ကို ပြုလုပ်ခဲ့တာဖြစ်ပေမယ့် Concept One ဆိုတဲ့ အမည်အပြင် ဘာဆိုဘာမှ မပါလာခဲ့ပြန်ပါဘူး။ စမတ်ဖုန်းထုတ်လုပ်သူ တစ်ယောက်ဖြစ်တာကြောင့် သူတို့ရဲ့ Flagship မျိုးဆက်သစ် Concept ဖုန်းတစ်လုံးလား၊ အခြားထုတ်ကုန်လား ဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

CES ပွဲတော်ကို ရောက်ရှိဖို့ သုံးပတ်ခန့်သာ လိုပါတော့တယ်။ ဒီအချိန်အတွင်းမှာ OnePlus Concept One နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထပ်ထွက်လာဦးမှာ အသေအချာပါပဲ။

Ref – GSM Arena

Zawgyi

ၿပီးခဲ့တဲ့ရက္သတၱပတ္မွာတည္းက စမတ္ဖုန္းထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ OnePlus ဟာ လာမယ့္ ဇန္နဝါရီ ၇ ရက္ေန႔၊ လာ့စ္ဗီးဂပ္ၿမိဳ႕မွာ က်င္းပမယ့္ CES 2020 ပြဲေတာ္ခ်ိန္အတြင္းမွာ သူတုိ႔ျပဳလုပ္သြားမယ့္ အထူး Event တစ္ခုအတြက္ဆုိၿပီး မီဒီယာဖိတ္ၾကားလႊာေတြ စတင္ပို႔ေဆာင္လာခဲ့ပါတယ္။

OnePlus ကုမၸဏီက ထိုစဥ္ကေတာ့ ဘာအတြက္လဲ ဆုိတာကို လုံးဝထုတ္္ေဖာ္မေျပာခဲ့ေပမယ့္ ယေန႔မွာ သတင္းအသစ္ေပၚလာခဲ့ပါၿပီ။ CES 2020 မွာ OnePlus က မိတ္ဆက္္လာမယ့္ ထုတ္ကုန္ရဲ႕အမည္က OnePlus Concept One လို႔ေခၚပါတယ္။

OnePlus ဟာ သူတုိ႔ရဲ႕ Weibo အေကာင့္မွာ Video အတုိေလးတစ္ခုကို တင္္လာခဲ့ၿပီး ဒီေၾကညာခ်က္ကို ျပဳလုပ္ခဲ့တာျဖစ္ေပမယ့္ Concept One ဆုိတဲ့ အမည္အျပင္ ဘာဆုိဘာမွ မပါလာခဲ့ျပန္ပါဘူး။ စမတ္ဖုန္းထုတ္လုပ္သူ တစ္ေယာက္ျဖစ္တာေၾကာင့္ သူတုိ႔ရဲ႕ Flagship မ်ဳိးဆက္သစ္ Concept ဖုန္းတစ္လုံးလား၊ အျခားထုတ္ကုန္လား ဆုိတာကို ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

CES ပြဲေတာ္ကို ေရာက္ရွိဖို႔ သုံးပတ္ခန္႔သာ လုိပါေတာ့တယ္။ ဒီအခ်ိန္အတြင္းမွာ OnePlus Concept One နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ထပ္ထြက္လာဦးမွာ အေသအခ်ာပါပဲ။

Ref – GSM Arena