OnePlus ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ Smart TV ဈေးကွက်ကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ Q1 စီးရီးမှာ Q1 နဲ့ Q1 Pro တို့ ပါဝင်ခဲ့ပါတယ်။ ဈေးနှုန်းပိုင်းမှာ High-end တွေဖြစ်ခဲ့ပေမယ့် လာမယ့်ဇူလိုင် ၂ ရက်နေ့မှာ ကုမ္ပဏီက ပိုပြီး ဈေးသက်သာတဲ့ TV သစ်တွေကို မိတ်ဆက်လာမှာပါ။

OnePlus ဟာ တီဗီစီးရီးသစ်ရဲ့ Feature အချို့ကို အတည်ပြုပေးခဲ့ပြီးသားဖြစ်ကာ ယနေ့မှာတော့ ဒီတစ်ခါ ထုတ်ကုန်စီးရီးထဲမှာ မတူညီတဲ့ မော်ဒယ်သုံးမျိုးထိ ပါဝင်လာမယ်လို့ ဆိုပါတယ်။

Screen အရွယ်အစားကိုတော့ အတည်မပြုပေးသေးပေမယ့် အခုလအစောပိုင်းမှာ 32” နဲ့ 43” တီဗီနှစ်လုံး အတည်ပြုချက်ရယူခဲ့ပါတယ်။ တတိယမြောက် အဖွဲ့ဝင်ကတော့ Q1 စီးရီးလိုပဲ 55” ဖြစ်မယ်လို့ ယူဆရပါတယ်။ 32” မော်ဒယ်က HD Resolution ဖြစ်ပြီး 43” နဲ့ 55” တွေကတော့ Full HD နဲ့ QHD အသီးသီး ဖြစ်မှာပါ။

OnePlus က မော်ဒယ်သုံးမျိုးလုံးအတွက် ဈေးနှုန်းကိုလည်း Tease လုပ်ခဲ့ပြီး ရူပီးငွေ 1×999, 2×999 နဲ့ 4×999 လို့ ဖော်ပြထားပါတယ်။ ထောင်ဂဏန်းကို ဖျောက်ထားတာဖြစ်လို့ အမြင့်ဆုံး ရူပီး 19,999 (မြန်မာငွေ သုံးသိန်းခြောက်သောင်း)၊ ရူပီး 29,999 (မြန်မာငွေ ငါးသိန်းခွဲ) နဲ့ ရူပီး 49,999 (ကျပ်ငွေ ကိုးသိန်း) ခန့်အထိ ကျသင့်နိုင်ပါတယ်။

ယခင်မျိုးဆက်နဲ့ယှဉ်ကြည့်ရင်တော့ OnePlus Q1 ကို ရူပီး 69,900 (ကျပ် ၁၃ သိန်းနီးပါး) နဲ့ရောင်းချခဲ့ပြီး Q1 Pro ကိုတော့ ရူပီး 99,900 (ကျပ် ၁၈ သိန်း ဝန်းကျင်) ဈေးနှုန်းသတ်မှတ်ခဲ့ပါတယ်။ Q1 TV တွေက Premium အဆင့်ဖြစ်လို့ လာမယ့်စီးရီးအသစ်မှာတော့ ဈေးနှုန်းအရ Spec လျော့ချထားတာ ဖြစ်နိုင်ပါတယ်။

Ref – GSMArena