OnePlus ဟာ ယခင်တုန်းက စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Flagship Killer စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ OnePlus 8 Series ဖုန်းတွေဟာ စွမ်းဆောင်ရည်ကောင်းပေမယ့် တခြားသော Flagship ဖုန်းတွေနီးပါ စျေးကြီးလာတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ OnePlus CEO Pete Lau ကနေ Fast Company နဲ့ Interview တစ်ခုမှာ OnePlus ကုမ္ပဏီဟာ မကြာခင်မှာ ယခင်တုန်းကလိုမျိုးပဲ စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့စမတ်ဖုန်းတွေကို ပြန်လည်အာရုံစိုက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Pete Lau ရဲ့ အခုလိုမျိုး ပြောကြားချက်ဟာ Mid Range OnePlus စမတ်ဖုန်းတစ်လုံးဖြစ်လာမယ်ဆိုပြီး သတင်းတွေထွက်နေတဲ့ OnePlus Z နဲ့ ကိုက်ညီနေပြီး OnePlus Z ဖုန်းဟာ OnePlus အတွက် ပထမဆုံးစျေးသက်သာတဲ့ Android ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ Pete Lau ကတော့ ဘယ်လိုမျိုး စမတ်ဖုန်းတွေဖြစ်လာမလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိသေးပေမယ့် အရင်ဆုံး India နိုင်ငံနဲ့ နောက်ပိုင်းမှာ North America နဲ့ Europe နိုင်ငံတွေမှာ မိတ်ဆက်သွားမှာဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ နောက်ပိုင်းမှာ OnePlus ဟာ စမတ်ဖုန်းကုမ္ပဏီတစ်ခုအပြင် Ecosystem တစ်ခုလုံးအနေနဲ့ပါဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိ OnePlus Smart TV ၊ Wireless Earbuds တွေအပြင် တခြားသော OnePlus နာမည်နဲ့ AIoT Devices တွေကို တွေ့မြင်ရလာနိုင်ပါတယ်။

Ref – Android Central