OnePlus ကနေ မကြာသေးခင်တုန်းက OnePlus 8 Pro နဲ့ OnePlus 8 စမတ်ဖုန်းတွေကို မိတ်ဆက်ထားခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ OnePlus 8 Pro ဖုန်းဟာ Quad HD+ OLED Display အပြင် 120Hz Refresh Rate ကိုပါ Support ပြုလုပ်တဲ့အတွက် လက်ရှိအချိန်မှာ Display အကောင်းဆုံး Flagship ဖုန်းတစ်လုံးလို့တောင် ပြောရမှာပါ။

ဒါပေမယ့်လည်း OnePlus 8 Pro ကို စတင်ရောင်းချနေတဲ့အချိန်မှာ Display နဲ့ ပတ်သက်တဲ့ ပြဿနာအချို့ကို စတင်ပြီးတွေ့ရှိလာရပြီဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ Screen က အစိမ်းရောင်သမ်းနေတာနဲ့ အမည်းရောင်နေရာတွေမှာ သိသိသာသာကို Display က ကွက်နေသလိုမျိုး ကြုံတွေ့နေရတာဖြစ်ပါတယ်။

OnePlus ကတော့ Screen အစိမ်းရောင်သမ်းနေတဲ့ ပြဿနာက ဘာကြောင့်ဖြစ်ရသလဲဆိုတာကို လက်ရှိအချိန်အထိ မပြောသေးပေမယ့် Screen မှာ အမည်းကွက်ပုံစံဖြစ်နေတာကိုတော့ Hardware Error ကြောင့်ဖြစ်တယ်ဆိုပြီး အတည်ပြုပေးလိုက်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တကယ်လို့ အဆိုပါ ပြဿနာနဲ့ ကြုံတွေ့နေရတဲ့ OnePlus 8 Pro ဖုန်းတွေရှိတယ်ဆိုရင် ဖြစ်တဲ့အခြေအနေပေါ်မှုတည်ပြီးတော့ ပြန်လည် ပြင်ဆင်ပေးတာ၊ ပိုက်ဆံပြန်ပေးတာ သို့မဟုတ် အစားထိုးလဲလှယ်ပေးတာတွေပြုလုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus 8 Pro စမတ်ဖုန်းဟာ လက်ရှိအချိန်မှာအကောင်းဆုံး Android Flagship စမတ်ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပေမယ့် ဝယ်ယူဖို့ စဥ်းစားနေတယ်ဆိုရင် အခုလိုမျိုး Display ပြဿနာတွေရှိမရှိကို အရင်ဆုံးစစ်ဆေးတာပိုကောင်းမှာပါ။

Ref – Notebook Check