Zawgyi
Bluetooth SIG ရဲ့ သတင်းပေါက်ကြားချက်အရ အခု OnePlus TV တွေက OLED Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ Size အနေနဲ့လည်း 43″ ၊ 55″ ၊ 65″ နဲ့ 75″ ဆိုပြီး ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာကတော့ OnePlus TV တွေက Android OS ကို အသုံးပြုလာမှာဖြစ်ပြီး Google Assistant လို AI တွေအပြင် 4K HDR လို High End Feature တွေပါ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။
Ref – Gizmo China
Unicode
OnePlus က ပြီးခဲ့တဲ့နှစ်အစောပိုင်းတုန်းက Flagship Level စမတ်ဖုန်းတစ်ခုလို့ ပြောလို့ရမယ့် OnePlus 7 Pro ကို မိတ်ဆက်ခဲ့ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း Product တွေကို ပိုပြီး ထုတ်လုပ်လာနေတာဖြစ်ပါတယ်။
အခုလည်း စမတ်ဖုန်းတွေအပြင် Wireless Earphone ၊ Backpack နဲ့ Powerbank တွေကို ထုတ်လုပ်နေသလို မကြာခင်မှာလည်း နောက်ထပ် Product Lineup အသစ်ကို မိတ်ဆက်တော့မယ့် ပုံစံပါပဲ။ ဒါကတော့ OnePlus ကနေ Smart TV တွေကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။
OnePlus TV တွေက ယခင်တုန်းက OnePlus CEO ကိုယ်တိုင်က မိတ်ဆက်ဖို့ အစီအစဉ်ရှိတယ်လို့ အတည်ပြုခဲ့ဖူးပြီး အခုအချိန်မှာ Bluetooth SIG Certification ကို ရရှိသွားပြီလည်းဖြစ်ပါတယ်။ လက်ရှိနောက်ဆုံးသိထားတဲ့သတင်းတွေအရဆိုရင် လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့ဝန်းကျင်မှာ OnePlus TV ကို တရားဝင်မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းက OnePlus ကနေ ဒီ OnePlus TV ကို မိတ်ဆက်ဖို့ရှိတယ်ဆိုတာကို စတင်ပြောကြားခဲ့တာဖြစ်တဲ့အတွက် အချိန်တစ်နှ်စ်ကြာပြီးနောက်မှာတော့ တကယ်ဖြစ်လာတဲ့ပုံစံပါပဲ။
Bluetooth SIG ရဲ့ သတင်းပေါက်ကြားချက်အရတော့ အခု OnePlus TV တွေက OLED Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ Size အနေနဲ့လည်း 43″ ၊ 55″ ၊ 65″ နဲ့ 75″ ဆိုပြီး ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာကတော့ အခု OnePlus TV တွေက Android OS ကို အသုံးပြုလာမှာဖြစ်ပြီး Google Assistant လို AI တွေအပြင် 4K HDR လို High End Feature တွေပါ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။
Ref – Gizmo China