[Zawgyi]

OnePlus ရဲ႕ OnePlus 6T McLaren Edition ကေတာ့ 6T ထက္ ပိုစိတ္ဝင္စားစရာအခ်က္ေတြနဲ႔ ထြက္သြားခဲ့ပါျပီ။ အဲ့ထဲက တစ္ခ်က္ကေတာ့ သူ႔ရဲ႕ Edition ဖုန္းမွာ ထည့္လိုက္တဲ့ Warp Charge 30 အျမန္အားသြင္းနည္းပညာပါ။

ခုခ်ိန္ထိေတာ့ သူ႔နည္းပညာကို တရားဝင္ခ်မျပေသးေပမယ့္ ေသခ်ာတာကေတာ့  အရင္ Dash Charge အျမန္အားသြင္းစနစ္ရဲ႕ မ်ိဳးဆက္ကေလးျဖစ္လာမယ္ဆိုတာပါ။  အရင္ေန႔ကပဲ OnePlus ကေန သူ႔ရဲ႕ Forum မွာ Warp Charge 30 ဘယ္လိုအလုပ္လုပ္တယ္ဆိုတာနဲ႔ တျခားအေရးၾကီးတဲ့ အေသးစိတ္အခ်က္ေလးေတြကိုလည္း ပို႔စ္ေလးနဲ႔ ေျပာျပသြားခဲ့ပါေသးတယ္။

တကယ္ေတာ့ သူ႔ရဲ႕ Warp Charge 30 ဆိုတဲ့ နာမည္က သူ႔ရဲ႕ Power Rating (30Watts) နဲ႔ Sci-Fi Space ဇာတ္ကားေတြထဲမွာဆို အရမ္းကို ထူးထူးျခားျခားၾကီးျမန္တဲ့ အျမန္ႏႈန္းမ်ိဳးကို ေဖာ္ျပခ်င္တဲ့အခါသံုးတဲ့ “Warp” ဆိုတဲ့ စကားလံုးေလးကိုပဲ ေပါင္းျပီး ရိုးရိုးရွင္းရွင္း နာမည္ေပးထားတာပါ။ အဲဒီ Warp Charge ေလးက ခုခ်ိန္ထိ OnePlus ျမန္ခဲ့သမွ်ထဲက အျမန္ဆံုး အားသြင္းနည္းပညာျဖစ္ေနျပီျဖစ္ျပီး မိနစ္ ၂၀ ေလာက္ အားသြင္းရံုနဲ႔ တစ္ေနကုန္ ေအးေဆးထုိင္သံုးေနရံုပါပဲတဲ့.

Fast Charge ေတြလိုပဲ ဒီ OnePlus 6T McLaren Edition ကလည္း Warp Charge နဲ႔သြင္းလို႔ အပူတက္တယ္ဆိုတာမ်ိဳး ရိွမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ တက္လာမယ့္အပူပမာဏကို ဖုန္းမွာမဟုတ္ဘဲ Adapter မွာပဲပူေအာင္  ေသခ်ာဖန္တီးထားလို႔ပါ။ အားသြင္းရင္း ဂိမ္းေဆာ့တဲ့အခါလည္း ျမန္ေနဆဲပါပဲ။ ေအာက္မွာေတာ့ Galaxy Note 9 Adaptive Fast Charge နဲ႔ Google Pixel 3XL USB PD တို႔နဲ႔ Warp Charge 30 ကို ယွဥ္ျပထားပါတယ္။

ဘာလို႔ လက္ရိွ OnePlus 6T ေတြမွာ Warp Charge ကို မသံုးတာလဲလို႔ အံ့ၾသမိရင္ေတာ့ သံုးစြဲသူ Safety အတြက္ပါတဲ့။ McLaren Edition မွာ တိုးလာမယ့္ Power အတြက္ Battery တပ္ဆင္ပံုေျပာင္းထားတာျဖစ္ျပီးေတာ့ Battery ပူမလာေအာင္လည္း 8-Layer Protection Board ပါ ထပ္ထည့္ထားပါေသးတယ္။

ဒါေၾကာင့္ အရင္ဖုန္းေတြအေနနဲ႔ ပိုျမန္တဲ့ အားသြင္းႏႈန္းမ်ိဳး မရလိုက္ေပမယ့္ OnePlus 6T McLaren Edition ရဲ႕ Adapter နဲ႔ေတာ့ သြင္းလို႔ရမွာပါ။ ဒါေပမယ့္ Dash Charge ရဲ႕အျမန္ႏႈန္းနဲ႔ပဲ ရမွာျဖစ္ျပီးေတာ့ Edition ဖုန္းကိုလည္း Dash Charge Adapter နဲ႔သြင္းရင္ Dash Charge Speed အတိုင္းပဲရမွာပါ။

ဒါေပမယ့္ Adapter ေခါင္္းမွာေျပာင္းလဲမႈလုပ္ထားတာဆိုေတာ့ 6T McLaren Edition ကို Warp Charge 30 Adapter ေခါင္းနဲ႔သာျဖစ္ရင္ အရင္ OnePlus ၾကိဳးေတြနဲ႔ဆိုလည္း Warp Charge 30 ရဲ႕ အျမန္ႏႈန္းအတိုင္း သြင္းလို႔ရႏုိင္မွာပါ။ ဒါဆို Edition ဝယ္မယ့္သူေလးေတြရိွရင္လည္း ကိုယ့္ရဲ႕အရင္ Dash Charge ၾကိဳးေလးမ်ားရိွရင္ သိမ္းထားၾကဖို႔ ္30W  ေခါင္းေလးသာ မေပ်ာက္ေအာင္ ထိန္းသိမ္းလို႔ရပါတယ္ဆိုတဲ့အေၾကာင္း ေျပာၾကားရင္း…..

[Unicode]

OnePlus ရဲ့ OnePlus 6T McLaren Edition ကတော့ 6T ထက် ပိုစိတ်ဝင်စားစရာအချက်တွေနဲ့ ထွက်သွားခဲ့ပါပြီ။ အဲ့ထဲက တစ်ချက်ကတော့ သူ့ရဲ့ Edition ဖုန်းမှာ ထည့်လိုက်တဲ့ Warp Charge 30 အမြန်အားသွင်းနည်းပညာပါ။

ခုချိန်ထိတော့ သူ့နည်းပညာကို တရားဝင်ချမပြသေးပေမယ့် သေချာတာကတော့  အရင် Dash Charge အမြန်အားသွင်းစနစ်ရဲ့ မျိုးဆက်ကလေးဖြစ်လာမယ်ဆိုတာပါ။  အရင်နေ့ကပဲ OnePlus ကနေ သူ့ရဲ့ Forum မှာ Warp Charge 30 ဘယ်လိုအလုပ်လုပ်တယ်ဆိုတာနဲ့ တခြားအရေးကြီးတဲ့ အသေးစိတ်အချက်လေးတွေကိုလည်း ပို့စ်လေးနဲ့ ပြောပြသွားခဲ့ပါသေးတယ်။

တကယ်တော့ သူ့ရဲ့ Warp Charge 30 ဆိုတဲ့ နာမည်က သူ့ရဲ့ Power Rating (30Watts) နဲ့ Sci-Fi Space ဇာတ်ကားတွေထဲမှာဆို အရမ်းကို ထူးထူးခြားခြားကြီးမြန်တဲ့ အမြန်နှုန်းမျိုးကို ဖော်ပြချင်တဲ့အခါသုံးတဲ့ “Warp” ဆိုတဲ့ စကားလုံးလေးကိုပဲ ပေါင်းပြီး ရိုးရိုးရှင်းရှင်း နာမည်ပေးထားတာပါ။ အဲဒီ Warp Charge လေးက ခုချိန်ထိ OnePlus မြန်ခဲ့သမျှထဲက အမြန်ဆုံး အားသွင်းနည်းပညာဖြစ်နေပြီဖြစ်ပြီး မိနစ် ၂၀ လောက် အားသွင်းရုံနဲ့ တစ်နေကုန် အေးဆေးထိုင်သုံးနေရုံပါပဲတဲ့.

Fast Charge တွေလိုပဲ ဒီ OnePlus 6T McLaren Edition ကလည်း Warp Charge နဲ့သွင်းလို့ အပူတက်တယ်ဆိုတာမျိုး ရှိမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တက်လာမယ့်အပူပမာဏကို ဖုန်းမှာမဟုတ်ဘဲ Adapter မှာပဲပူအောင်  သေချာဖန်တီးထားလို့ပါ။ အားသွင်းရင်း ဂိမ်းဆော့တဲ့အခါလည်း မြန်နေဆဲပါပဲ။ အောက်မှာတော့ Galaxy Note 9 Adaptive Fast Charge နဲ့ Google Pixel 3XL USB PD တို့နဲ့ Warp Charge 30 ကို ယှဉ်ပြထားပါတယ်။

ဘာလို့ လက်ရှိ OnePlus 6T တွေမှာ Warp Charge ကို မသုံးတာလဲလို့ အံ့သြမိရင်တော့ သုံးစွဲသူ Safety အတွက်ပါတဲ့။ McLaren Edition မှာ တိုးလာမယ့် Power အတွက် Battery တပ်ဆင်ပုံပြောင်းထားတာဖြစ်ပြီးတော့ Battery ပူမလာအောင်လည်း 8-Layer Protection Board ပါ ထပ်ထည့်ထားပါသေးတယ်။

ဒါကြောင့် အရင်ဖုန်းတွေအနေနဲ့ ပိုမြန်တဲ့ အားသွင်းနှုန်းမျိုး မရလိုက်ပေမယ့် OnePlus 6T McLaren Edition ရဲ့ Adapter နဲ့တော့ သွင်းလို့ရမှာပါ။ ဒါပေမယ့် Dash Charge ရဲ့အမြန်နှုန်းနဲ့ပဲ ရမှာဖြစ်ပြီးတော့ Edition ဖုန်းကိုလည်း Dash Charge Adapter နဲ့သွင်းရင် Dash Charge Speed အတိုင်းပဲရမှာပါ။

ဒါပေမယ့် Adapter ခေါင်းမှာပြောင်းလဲမှုလုပ်ထားတာဆိုတော့ 6T McLaren Edition ကို Warp Charge 30 Adapter ခေါင်းနဲ့သာဖြစ်ရင် အရင် OnePlus ကြိုးတွေနဲ့ဆိုလည်း Warp Charge 30 ရဲ့ အမြန်နှုန်းအတိုင်း သွင်းလို့ရနိုင်မှာပါ။ ဒါဆို Edition ဝယ်မယ့်သူလေးတွေရှိရင်လည်း ကိုယ့်ရဲ့အရင် Dash Charge ကြိုးလေးများရှိရင် သိမ်းထားကြဖို့ ်30W  ခေါင်းလေးသာ မပျောက်အောင် ထိန်းသိမ်းလို့ရပါတယ်ဆိုတဲ့အကြောင်း ပြောကြားရင်း…..