OnePlus ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက McLaren Racing Team နဲ့ တရားဝင် Partnership ကို စတင်ခဲ့တာဖြစ်ပြီး OnePlus 6T McLaren Edition ဖုန်းနဲ့အတူ ဆက်တိုက် McLaren Edition စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ OnePlus ကနေ OnePls 7T McLaren 5G ကို မိတ်ဆက်ခဲ့ပြီး ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ OnePlus 8 Series တွေမှာတော့ McLaren Edition ဖုန်းအသစ်မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။ အခုအချိန်မှာလည်း OnePlus ဟာ McLaren ရဲ့ Partners Page ကနေ ဖယ်ရှားခံလိုက်ရပြီဖြစ်ပြီး Partnership ကလည်း အဆုံးသတ်သွားပြီလို့ ပြောလို့ရပါတယ်။

နောက်ဆုံး OnePlus ကနေ McLaren နဲ့ ပူးပေါင်းပြီးတော့ OnePlus Concept One နာမည်နဲ့ နောက်ဖက်က Camera Setup ကို အလင်းအမှိန်ချိန်လို့ရတဲ့နည်းပညာနဲ့ မိတ်ဆက်ခဲ့တာပဲရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုး McLaren နဲ့ Partnership ကို ရပ်ဆိုင်းလိုက်တဲ့အတွက် အဆိုပါ နည်းပညာအသုံးပြုထားတဲ့ စမတ်ဖုန်းကိုတော့ စျေးကွက်ထဲမှာ မြင်ရဖို့မရှိလောက်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် OnePlus အနေနဲ့ကတော့ တရားဝင် McLaren နဲ့ Partnership ရပ်ဆိုင်းလိုက်ပြီဆိုတာကို ပြောကြားခဲ့ခြင်းမရှိသေးသလို နောက်ထပ် ဘယ်လိုမျိုး ကုမ္ပဏီတွေနဲ့ Partnership လုပ်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena