အိန္ဒိယရဲ့ လူကြိုက်များတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တွေထဲမှာ OnePlus လည်းပါဝင်ပါတယ်။ ဒါကြောင့် အိန္ဒိယဈေးကွက်ဟာ OnePlus အတွက် အဓိကဈေးကွက်ကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါတယ်။ ဒါပေမယ့် ပြဿနာအချို့က OnePlus ကို ဈေးကွက်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနှောင့်အယှက်ပေးနေပါတယ်။

ဒီကိစ္စက OnePlus ဟာ ကိုယ့်ပြဿနာကိုယ်ရှာတာလို့ ဆိုရပါလိမ့်မယ်။ အဲဒါက မိတ်ဖက်လက်လီအရောင်းဆိုင်တွေ Order တင်ရခက်အောင်နဲ့၊ ဝယ်ယူသူတွေအခက်တွေ့အောင်လုပ်လိုက်တာပါပဲ။ All India Mobile Retailer’s Association (AIMRA) ရဲ့အဆိုအရ OnePlus ဟာ Offline ရောင်းချသူတွေ (လက်လီအရောင်းဆိုင်) တွေကို Online ကတစ်ဆင့် ရောင်းချခြင်းတွေ ရပ်တန့်ဖို့ စာပို့ခဲ့တယ်လို့ သိရပါတယ်။

COVID-19 ကပ်ရောဂါပျံ့နှံ့ကတည်းက စတိုးဆိုင်တွေဟာ ဝယ်သူကို ဆိုင်တွင်းမဝင်စေတော့ဘဲ Online ကတစ်ဆင့်ပဲ ရောင်းချခြင်းပြုခဲ့သလို OnePlus ကလည်း သူတို့ရဲ့ထုတ်ကုန်ကို Online ကပဲရောင်းချခြင်းပြုခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီက သူ့ထုတ်ကုန်တွေကို အခုလိုမျိုး Online က ရောင်းချခြင်းကို တားမြစ်လိုက်တာဟာ လက်လီအရောင်းဆိုင်တွေအတွက် အခက်တွေ့စေရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အိန္ဒိယက လက်လီအရောင်းဆိုင်တွေဟာ Online ကတစ်ဆင့် ရောင်းချခြင်းတားမြစ်တာကို ပြန်ပြီးစဉ်းစားပေးဖို့၊ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပေးဖို့ OnePlus ကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဆဲလ်ဖုန်းလက်လီအရောင်းဆိုင် ၁၅ ခုပါဝင်ဖွဲ့စည်းထားတဲ့ တောင်အိန္ဒိယက Organise Retailers Association ဟာ ဒီအကြောင်းကို OnePlus ဆီ စာရေးပြီး ဆက်သွယ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအသင်းက “OnePlus အနေနဲ့ Online အရောင်းဆိုင်တွေနဲ့ Offline လက်လီအရောင်းဆိုင်တွေကြား ပစ္စည်းရောင်းချနိုင်မှုကို ၁၀ ရက်ကနေ ၁၅ ကြား ကွာဟအောင်လုပ်ထားတာလည်း အဆင်မပြေကြောင်း၊ ဝယ်သူကို ဆွဲဆောင်မှုနည်းပါးစေကြောင်း” လည်း ပြောခဲ့ပါသေးတယ်။ နောက်ဆုံးရလဒ်ကတော့ Offline အရောင်းဆိုင်တွေဟာ သူတို့ရဲ့တန်ဖိုးကို အလေးမထားဘူးလို့ ခံစားရတာ ဖြစ်ပါတယ်။

Ref: Gizmochina