Google ဟာ Android OS နဲ့အတူ Home Screen ရဲ့ ဘယ်ဘက်ကိုဆွဲလိုက်မယ်ဆိုရင် အသုံးပြုသူနဲ့ကိုက်ညီတဲ့သတင်းတွေ၊ Video တွေကိုဖော်ပြပေးနေတဲ့ Google Discover Feed ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Google Feed ကို Pixel ဖုန်းတွေအပြင် တချို့သော Stock Android အခြေခံထားတဲ့ဖုန်းတွေမှာပဲတွေ့ရပြီးတော့ တခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေက ကိုယ်ပိုင် News နဲ့ Widget တွေပါဝင်တဲ့ Feature တစ်ခုနဲ့ အစားထိုးထားတာဖြစ်ပါတယ်။

OnePlus ရဲ့ OxygenOS ဟာလည်း Stock Android နဲ့ဆင်တူတယ်ဆိုပေမယ့် Google Feed ကိုတော့ ထည့်သွင်းထားခြင်းမရှိဘဲ OnePlus Shelf ဆိုတဲ့ Feature တစ်ခုနဲ့ အစားထိုးထားတာဖြစ်ပါတယ်။ OnePlus Shelf မှာဆိုရင် Favorite Contact ၊ Application တွေနဲ့ Notes ၊ Reminder ၊ Step Counter လိုမျိုး Feature တွေကိုဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တချို့အသုံးပြုသူတွေအတွက်ကတော့ Google Feed ထက်ပိုအသုံးဝင်မှာပါ။

 

OnePlus ကနေ နောက်ဆုံးမိတ်ဆက်ခဲ့တဲ့ OnePlus 8 Series ဖုန်းတွေမှာတော့ OnePlus Shelf အစား Google Feed နဲ့အစားထိုးခဲ့ပြီး အခုအချိန်မှာတော့ OnePlus Launcher v4.5.6 Update နဲ့အတူ အသုံးပြုသူတွေကို Google Feed နဲ့ OnePlus Shelf ကို စိတ်ကြိုက်ရွေးချယ်နိုင်ဖို့အတွက် စမ်းသပ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အခုစမ်းသပ်မှုဟာ ကုမ္ပဏီရဲ့ Internal အတွင်းမှာပဲပြုလုပ်နေတာဖြစ်ပြီးတော့ တကယ်လို့ Google App နဲ့ OnePlus Launcher ကို v4.5.6 အထိ နောက်ဆုံး Update တွေရယူထားတယ်ဆိုရင်တောင်မှ Server-side Update ပြုလုပ်ပြီးမှပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Feature ကို OnePlus 8 Series ဖုန်းတွေမှာပဲရရှိမလား၊ တခြားသော OnePlus စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်မလားဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Google