OnePlus Nord 2T 5G သတင်းတွေ ကြားခဲ့ရတာ လအနည်းငယ်ရှိနေပါပြီ။ အခုတော့ အဲဒီ စမတ်ဖုန်းကို ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

OnePlus Nord 2T 5G is NBTC certified

NBTC မှာ OnePlus Nord 2T 5G ရဲ့ Specs တွေကို ၁ ခုမှ မဖော်ပြထားပေမယ့် အရင်က ပေါက်ကြားသတင်းတွေအရ အဲဒီ စမတ်ဖုန်းမှာ MediaTek Dimensity 1300 SoC မောင်းနှင်ထားမယ်လို့ သိရပါတယ်။ Android 12 အခြေပြု OxygenOS 12 ပါလာမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB Storage အထိ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

OnePlus Nord 2T 5G's leaked render (Source: Onsitego)

OnePlus  Nord 2T 5G မှာ ၆.၄၃ လက်မ 90Hz FullHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 80W Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာမှာပါ။ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main, 8MP Ultrawide , 2MP Monochrome ကင်မရာ ၃ လုံး ထည့်သွင်းထားမှာပါ။

OnePlus က Nord 2T 5G ရဲ့ သတင်းအချက်အလက်တွေကို ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းကို ထိုင်းက NBTC မှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် တရားဝင် မျက်ဝါးထင်ထင် မြင်ရဖို့ သိပ်မလိုတော့ပါဘူး။

Ref : gsmarena