OnePlus Nord ကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ မကြာခဏထွက်နေပါတယ်။ မကြာခင်က အဲဒီဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံတွေထွက်လာပြီး AMOLED မျက်နှာပြင် ပါမယ်ဆိုတာ သိခဲ့ရပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Case တွေကို Evan Blass က မျှဝေလိုက်ပါတယ်။

Case ၃ ခုကို တွေ့ရပြီး ဆွီဒင် အနုပညာရှင် Camilla Engstrom , Finsta နဲ့ YouTube Channel JerryRigEverything က Zack Nelson တို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ နောက်ဆုံး ၁ ခုမှာ ဖုန်းအတွင်းပိုင်း အစိတ်အပိုင်းတွေရဲ့ ပုံကို ရေးဆွဲထားပြီး ဘက်ထရီက အပြာရောင် ဖြစ်ပါတယ်။ ဖုန်းရဲ့ USB-C Port ကို အောက်ခြေမှာ စပီကာ၊ SIM Slot တွေနဲ့အတူတွေ့ရပြီး ဘယ်ဘက်ခြမ်းမှာ အသံခလုတ်တွေ ပါပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ OnePlus Nord မှာ AMOLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာမှာပါ။ ဆေးတောင့်ပုံ Punch Hole မှာ 32MP နဲ့ 8MP ဆဲလ်ဖီး ကင်မရာ ၂ လုံး ထည့်ထားမှာဖြစ်ပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာမှာပါ။ Snapdragon 765G SoC မောင်းနှင်ထားမှာ ဖြစ်ပြီး ဒေါ်လာ ၅၀၀ အောက်နဲ့ ရောင်းနိုင်ပါတယ်။

Ref : gsmarena