OnePlus ရဲ့ ပထမဆုံးအနေနဲ့ Mid Range စျေးကွက်ကို ပြန်လည်ဝင်ရောက်လာတဲ့ စမတ်ဖုန်းဖြစ်တဲ့ OnePlus Nord ဖုန်းဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ မိတ်ဆက်တဲ့အချိန်တုန်းကတော့ Android 10 ကို အခြေခံထားတဲ့ OxygenOS 10 နဲ့ပဲ မိတ်ဆက်ခဲ့တာပါ။

ဒါပေမယ့် နောက်ပိုင်းမှာတော့ OnePlus ကနေ Software Update ကနေတစ်ဆင့် Android 11 ကို အခြေခံထားတဲ့ OxygenOS 11 ကို ထုတ်ပေးခဲ့ပြီး အခုလည်း OnePlus Nord ဖုန်းအတွက် Android 12 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အခု Android 12 ကို အခြေခံထားတဲ့ OxygenOS 12 Update ဟာ လောလောဆယ်မှာ India Region မှာ အရင်ဆုံးရရှိနေတာဖြစ်ပြီး မကြာခင်မှာ တခြားသော Region တွေမှာပါ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

OnePlus Nord ဖုန်းအတွက် OxygenOS 12 Stable Update ဟာ Firmware Number အနေနဲ့ကတော့ AC2001_11.F.11 ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ လက်ရှိ OnePlus Nord ဖုန်းအတွက် Android 12 Beta ကို အသုံးပြုနေတဲ့သူတွေအတွက်လည်း Stable OS Update ကို ပြောင်းလဲပေးသွားမယ်လို့ သိရပါတယ်။

OnePlus Nord ဖုန်းအတွက် Android 12 ကို အခြေခံထားတဲ့ OxygenOS 12 Update မှာဆိုရင် Launcher အသစ်၊ App Drawer အသစ်၊ Hidden App Feature ၊ Multiple Dark Mode Option တွေနဲ့ Material You Support ပါဝင်လာမှာဖြစ်ပါတယ်။ Changelog အသေးစိတ်ကိုတော့ အောက်မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China