OnePlus Nord ကို ဇူလိုင် ၂၁ ရက်နေ့မှာ မိတ်ဆက်လာတော့မှာဖြစ်ပြီး သူ့ရဲ့ Specs တွေကို အခုချိန်မှာ Leak သတင်းတွေနဲ့ တရားဝင် Teaser တွေကနေ တော်တော်သိနေရပါပြီ။ OnePlus ဟာ ဒီဖုန်းရဲ့ ဝိုးတဝါးပုံရိပ်ကို Promo Video တစ်ခုကနေ ပြသခဲ့ပေမယ့် ယနေ့ထွက်ရှိလာတဲ့ Leaked Image တွေကတော့ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို သေချာဖော်ပြလာပါတယ်။

ပုံထဲမှာမြင်ရတဲ့အတိုင်း OnePlus Nord ဟာ Display ရဲ့ အပေါ်ဘယ်ဘက်မှာ Dual-camera အတွက် ဆေးတောင့်ပုံသဏ္ဍာန် Punch-hole ပါဝင်ပြီး 32MP + 8MP Ultrawide ဆဲလ်ဖီးကင်မရာကို မြင်ရမှာပါ။ ဒါ့အပြင် OnePlus ရဲ့ တရားဝင် Instagram အကောင့်ကနေ Meme တစ်ခုတင်ခဲ့ပြီး AMOLED Panel အသုံးပြုလာမယ်ဆိုတာကို အတည်ပြုပေးခဲ့ပြန်ပါတယ်။

ဒါ့အပြင် Amazon India ရဲ့ Promo Page ကလည်း Refresh Rate အမြင့်စား Display ပါလာမယ်လို့ သွယ်ဝိုက်ပြီး အတည်ပြုပေးခဲ့ပြီး အတိအကျမသိရပေမယ့် ဒီဖုန်းဟာ Flagship မဟုတ်ဘဲ Mid-ranger သာဖြစ်တာကြောင့် 90Hz လောက်ပဲ ပါမယ်လို့ ယူဆရပါတယ်။

ဖုန်းရဲ့နောက်ဘက်မှာ ဒေါင်လိုက်စီထားတဲ့ Quad-camera ပါဝင်ပြီး 48MP + 8MP Ultrawide + 5MP Macro + 2MP Depth Sensor တို့ကို မြင်ရမှာပါ။ အခုပုံတွေထဲက မြင်ရသလောက်တော့ အသံတိုးချဲ့ခလုတ်ကို ဘယ်ဘက်မှာထားပြီး ပါဝါနဲ့ Alert Slider တို့ကို ညာဘက်ခြမ်းမှာ နေရာချထားပါတယ်။

Facebook ပိုစ့်တစ်ခုမှာ OnePlus ဟာ Nord စမတ်ဖုန်းမှာ စုစုပေါင်း ကင်မရာခြောက်လုံးပါမယ်လို့ အတည်ပြုခဲ့ပြီးသား ဖြစ်ကာ မကြာသေးခင်က Snapdragon 765G ချစ်ပ်ဆက်အသုံးပြုပြီး OIS (Optical Image Stabilization) ပါဝင်ဖို့လည်း အတည်ပြုပေးထားပါတယ်။

Ref – GSMArena