OnePlus ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Mid Range ဖုန်းသစ်တစ်လုံးဖြစ်တဲ့ OnePlus Nord ကို နှစ်အတော်ကြာပြီးမှ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ OnePlus Nord ဟာ Europe နဲ့ India Region တွေအတွက် အဓိကရောင်းချခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ နောက်ထပ် OnePlus Nord Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာပါ။

အခုမိတ်ဆက်ဖို့ရှိနေတဲ့ OnePlus Nord Series ဖုန်းတွေကတော့ Nord N10 5G နဲ့ Nord N100 တွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖုန်းတွေဟာ US စျေးကွက်အပြင် တခြားသောစျေးကွက်အများအပြားမှာပါရောင်းချသွားမယ်လို့ ယူဆရပါတယ်။

နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ OnePlus ဟာ Nord Series ဖုန်းအသစ်တွေကို လာမယ့်အောက်တိုဘာလ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လာမယ့်အောက်တိုဘာလ ၁၄ ရက်နေ့မှာ OnePlus 8T ဖုန်းမိတ်ဆက်အပြီး အချိန်တိုအတွင်း ထပ်မံမိတ်ဆက်သွားမယ့်ပုံစံပါပဲ။

OnePlus Nord N10 5G စမတ်ဖုန်းဟာ 6.49″ Full HD+ 90Hz AMOLED Display ၊ Qualcomm Snapdragon 690 Chipset ၊ RAM 6GB ၊ 128GB Storage နဲ့ 64MP Quad Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Nord N100 ကတော့ 6.52″ HD+ 90Hz Display ၊ Snapdragon 460 Chipset ၊ 13MP Primary Sensor နဲ့ 6000mAh Battery တွေပါဝင်လာမှာပါ။

ဘာပဲဖြစ်ဖြစ် OnePlus ဟာ အခုလိုမျိုး Nord Series ဖုန်းအသစ်တွေနဲ့ ယခင်တုန်းကလိုမျိုး Flagship ဖုန်းတွေအစား Mid Range နဲ့ Budget ဖုန်းစျေးကွက်ကိုပါ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။

Ref – Gizmo China