OnePlus Nord စမတ်ဖုန်းဟာ ယခုနှစ်လယ်ပိုင်းတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး စျေးနှုန်းအနေနဲ့ €399 ကို Qualcomm Snapdragon 765G Chipset ၊ 90Hz AMOLED Display တွေကြောင့် Mid Range စျေးကွက်မှာ အောင်မြင်ခဲ့တယ်လို့ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း OnePlus ကနေ နောက်ထပ် Nord Series Mid Range ဖုန်းတွေဖြစ်တဲ့ Nord N10 5G နဲ့ Nord N100 စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်ထားခဲ့ပါတယ်။

အခုအချိန်မှာတော့ OnePlus ကနေ ထုတ်လုပ်သမျှဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖုန်းလို့တောင် ပြောနိုင်တဲ့ Nord N100 စမတ်ဖုန်းကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ Nord N100 စမတ်ဖုန်းဟာ €179 (မြန်မာငွေ ၂ သိန်း ၈ သောင်းဝန်းကျင်) နဲ့ရောင်းချနေတာဖြစ်ပြီး Qualcomm Snapdragon 460 Chipset ကို အသုံးပြုထားတာထားဖြစ်ပါတယ်။

OnePlus ဟာ စစခြင်း မိတ်ဆက်တဲ့အချိန်တုန်းကတော့ Nord N10 5G ကိုပဲ 90Hz Refresh Rate ပါဝင်တဲ့ Display ကို အသုံးပြုထားတယ်လို့ ပြောကြားခဲ့ပြီး Nord N100 ကိုတော့ 60Hz Refresh Rate ပဲ Support ပြုလုပ်နိုင်တဲ့ 6.52″ HD+ LCD Display ကိုပဲ ထည့်သွင်းပေးထားတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Nord N100 စမတ်ဖုန်းဟာ တခြား OPPO နဲ့ realme လို စမတ်ဖုန်းကုမ္ပဏီတွေရဲ့ Budget ဖုန်းတွေလောက်တောင် အားရဖို့မကောင်းခဲ့ပါဘူး။

ဒါပေမယ့်လည်း OnePlus Nord N100 ကို စတင်ရောင်းချတဲ့အချိန်မှာတော့ Nord N100 စမတ်ဖုန်းမှာ 90Hz Refresh Rate ကို အသုံးပြုနိုင်တယ်ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါက Review Unit တွေနဲ့ ရောင်းချတဲ့ဖုန်းတွေရဲ့ Display Setting မှာပါ ပါဝင်နေတာဖြစ်ပါတယ်။

အခုဆိုရင် OnePlus ကိုယ်တိုင်ကနေ ယခင်တုန်းက Nord N100 မှာ 60Hz Display ပဲပါဝင်တယ်ဆိုတာကို ပြန်လည်ဖျက်သိမ်းခဲ့ပြီး Official Website မှာ 90Hz Refresh Rate ပါဝင်တယ်ဆိုပြီး ပြောင်းလဲရေးသားခဲ့ပါတယ်။ ဒါပေမယ့်လည်း မှတ်ချက်အနေနဲ့ အခုလိုမျိုး 90Hz Refresh Rate ကို Support ပြုလုပ်တယ်ဆိုပေမယ့် ဖုန်း Setting ၊ အသုံးပြုတဲ့ Application နဲ့ Process တွေအပေါ်မှာ မူတည်မယ်ဆိုပြီး ပြန်လည်ရေးသားထားခဲ့တာဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများတာကတော့ OnePlus ကနေ Nord N100 စမတ်ဖုန်းမှာပါဝင်တဲ့ Qualcomm Snapdragon 460 Chipset ဟာ 90Hz Refresh Rate ကို Application အကုန်လုံးမှာ မထောက်ပံ့နိုင်သေးတဲ့အတွက် အစောပိုင်းတုန်းက 90Hz အစား 60Hz ကိုပဲ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။

Ref – Gizmochina