OnePlus ဟာ ယခုနှစ် နှစ်ဝက်ပိုင်းတုန်းက OnePlus Nord နာမည်နဲ့ Mid Range ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ OnePlus Nord ဟာ နှစ်အတော်ကြာပြီးမှ ပြန်လည်ထွက်ရှိလာတဲ့ OnePlus ရဲ့ Mid Range စမတ်ဖုန်းလည်းဖြစ်ပါတယ်။

အခုလည်း OnePlus ကနေ အဆိုပါ OnePlus Nord ထက် ပိုစျေးသက်သာတဲ့ OnePlus Nord N10 နဲ့ N100 ဖုန်းတွေကို ထပ်မံမိတ်ဆက်လာဦးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ OnePlus ရဲ့ စျေးအသက်သာဆုံး Budget ဖုန်းဖြစ်လာမယ့် OnePlus Nord N100 ရဲ့ စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်က ပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါသတင်းကိုတော့ နာမည်ကြီး Tipster Ishan Agarwal ကနေ 91Mobiles ကတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ OnePlus Nord N100 စမတ်ဖုန်းဟာ Europe မှာ 199 Euro (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ လာမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

OnePlus Nord N100 စမတ်ဖုန်းဟာ Qualcomm Snapdragon 460 Chipset ကို အသုံးပြုထားပြီးတော့ RAM 4GB နဲ့ Storage 64GB ပါဝင်မှာလည်း ဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 6.52″ HD+ LCD Display ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်၊ ဒါပေမယ့်လည်း 90Hz Refresh Rate ကို Support ပြုလုပ်လာဖွယ်ရှိနေပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 13MP Primary Sensor ၊ 2MP Macro Sensor နဲ့ 2MP Bokeh Sensor တွေပါဝင်တဲ့ Triple Back Camera Setup နဲ့ 8MP Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး USB-C ၊ 3.5mm Headphone Jack တွေလည်း ပါဝင်မှာပါ။ Stereo Speaker ကို ထည့်သွင်းထားတဲ့ အပြင် Android 11 ကို အခြေခံထားတဲ့ OxygenOS 11 ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Ref – Gizmo China