OnePlus ကနေ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက Nord N20 5G ဖုန်းကို စျေးကွက်အတွင်းကို မိတ်ဆက်ရောင်းချခဲ့ပါတယ်။ အခုလည်း အချိန် ၁ နှစ်ကျော်ကြာပြီးတဲ့အချိန်မှာ OnePlus Nord N30 5G ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုက OnePlus Nord N30 5G ဖုန်းဟာ မနှစ်တုန်းက N20 5G လိုမျိုးပဲ Snapdragon 695 Chipset ကိုပဲ ဆက်လက်အသုံးပြုနေတာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB LPDDR4X RAM ၊​ 128GB UFS 2.2 Storage တွေအပြင် MicroSD Card ကနေတစ်ဆင့် 1TB အထိ ထပ်မံတိုးချဲ့နိုင်မှာပါ။

Display ပိုင်းမှာ 6.72″ Full HD+ LCD Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ 16MP Selife Camera ကို Punch-hole Design အနေနဲ့ ထည့်သွင်းပေးထားတဲ့အပြင် Back Camera Setup ကိုလည်း 108MP + 2MP Macro + 2MP Depth Sensor တွေကို အသုံးပြုထားပါတယ်။

Battery ပိုင်းမှာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 67W SuperVOOC Fast Charging စနစ်ပါဝင်မှာဖြစ်ပါတယ်။ ကျန်တဲ့ 3.5mm Headphone Jack ၊​ USB-C ၊​ Stereo Speaker နဲ့ Side-mounted Fingerprint Sensor တွေအကုန်ပါဝင်မှာဖြစ်ပြီး Software ပိုင်းမှာ Android 13 OS ကို အခြေခံထားတဲ့ OxygenOS 13.1 ကို အသုံးပြုထားပါတယ်။

အရောင်အနေနဲ့ OnePlus N30 5G ဖုန်းကို Pastel Lime နဲ့ Chromatic Gray ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ $299.99 (မြန်မာငွေ ၉ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena