ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ အရောင်းဝက်ဆိုက်တစ်ခုမှာ မကြာခင်မိတ်ဆက်လာမယ့် OnePlus Nord ကို တင်လာခဲ့ပြီး ယူရို ၄၇၅ (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ဒီပမာဏကို အမေရိကန်ဒေါ်လာနဲ့ပြောင်းလိုက်ရင် ဒေါ်လာ ၅၃၅ ဖြစ်နေတဲ့အတွက် ဒေါ်လာငါးရာအောက်လို့ ကတိပေးထားတဲ့ ပမာဏကိုတော့ ကျော်လွန်နေပါတယ်။ အဆိုပါအရောင်းဆိုက်ဟာ ဖုန်းရဲ့ Render ပုံရိပ်ကိုလည်း ရှင်းလင်းစွာ တင်ထားပေမယ့် သူတင်ထားတဲ့ပုံမှာ ဆဲလ်ဖီးကင်မရာက အလည်တည့်တည့်ကို ရောက်နေပြီး OnePlus Nord မှာ Display ရဲ့ အပေါ်ဘယ်ဘက်မှာ Dual Selfie-camera အတွဲ ထည့်လာမှာလို့ သိထားရတာပါ။

ဒါ့ကြောင့် သူတို့ဖော်ပြထားတဲ့ ဒီဇိုင်းဟာ သံသယရှိဖွယ်ဖြစ်နေပြီး Snapdragon 765G ချစ်ပ်ဆက်နဲ့ သတင်းတွေကပြောထားတဲ့ Super AMOLED Display ကိုတော့ တွေ့ရပါတယ်။ နောက်ဘက်မှာ ပါဝင်တဲ့ 64MP + 16MP + 2MP ကင်မရာကလည်း သတင်းတွေထွက်ထားတာနဲ့ ကိုက်ညီနေသေးပါတယ်။ 8/128 GB မန်မိုရီနဲ့ 4,300 mAh ဘက္ထရီတို့ရောပါပဲ။

ဒါပေမယ့် အချက်အလက်အားလုံး မှန်ကန်တယ်လို့တော့ ပြောလို့မရသေးပါဘူး။ ဒီဖုန်းကို ဇူလိုင် ၂၁ ရက်နေ့မှ မိတ်ဆက်မှာဖြစ်ပြီး ကြားထဲမှာ အချိန်ရှိသေးတာကြောင့် ပိုပြီး တိကျတဲ့ သတင်းတွေနဲ့ Teaser တွေကို စောင့်ရဦးမှာပါ။

Ref – GSMArena