OnePlus Nord အတွက် အရမ်းလှတဲ့ Blue Marble နဲ့ Gray Onyx ၂ ရောင်ကို ထုတ်လုပ်ပေးထားပါတယ်။ ဒါနဲ့တင် OnePlus က မကျေနပ်နိုင်သေးပါဘူး။ OnePlus Nord Special Edition ၁ လုံးကို ဒီလ ၁၄ ရက်နေ့ ကြေညာမယ်လို့ တွစ်တာကနေ သတင်းပေးလိုက်ပြီး ပို့စ်မှာ Fans တွေ ကြိုက်တဲ့ ဒီဇိုင်း ပြန်သုံးထားတာ မြင်ရပါတယ်။

တွစ်တာက ပို့စ်မှာ ဓါတ်ပုံ ၁ ပုံ ပါလာပြီး OnePlus ရဲ့ ကာလရှည်ကြာ အမာခံ Fans တွေက ပုံမှာပါတဲ့ သတင်းအချက်အလက်တွေကို ကောင်းကောင်း အစဖော်နိုင်မှာ သေချာပါတယ်။ မသိသေးတဲ့ လူတွေအတွက် ပြောပြချင်ပါတယ်။ ဓါတ်ပုံမှာ ကျောက်တုံးနဲ့ သဲတွေ ပြသထားပြီး OnePlus Nord Special Edition အတွက် Sandstone ဒီဇိုင်း အသုံးပြုထားမယ်လို့ အရိပ်အမြွက် ပြောပြထားတာပါ။

ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်က OnePlus One ကို ကြေညာခဲ့ပြီး Silk White နဲ့ Sandstone Black ၂ ရောင် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒုတိယ အရောင်ဟာ သဲပုံ Texture တွေနဲ့ ဖြစ်ပြီး လှပသလို ကိုင်ရတာလည်း မြဲမြံတဲ့အတွက်  Fans တွေ အရမ်းကြိုက်ခဲ့ကြပါတယ်။ OnePlus 2 အတွက်လည်း Sandstone Black အရောင် ထုတ်လုပ်ပေးခဲ့ပြီး OnePlus 8 Series အပါအဝင် တခြား မော်ဒယ်တွေအတွက်တော့ Sandstone Case တွေကို ရောင်းချပေးခဲ့ပါတယ်။

OnePlus Nord Special Edition မှာ Sandstone သုံးထားမယ်ဆိုရင် အနောက်ဘက်မှာ Gorilla Glass 5 ကို ဖြုတ်ထားနိုင်ပါတယ်။ ဒီလ ၁၄ ရက်နေ့ ကြေညာမှာ OnePlus Nord Special Edition ပဲ မဟုတ်ပါဘူး။ OnePlus 8T Series လည်း ပါလာမှာပါ။

Ref : gizmochina