[Zawgyi]

OnePlus က သူ႔ရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္တဲ့ OnePlus One ဖုန္းတစ္လံုး မီးေလာင္မႈကို စစ္ေဆးေနပါတယ္။ ကုမၸဏီက “ ဒီလို ျဖစ္ရပ္မ်ိဳးကို ကုမၸဏီက အေလးအနက္ထား ပါတယ္။ ကုမၸဏီက မီးေလာင္မႈ ျဖစ္ပြားတဲ့ ဖုန္း ပိုင္ရွင္ကို ဆက္သြယ္ၿပီးပါၿပီ။ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနပါတယ္။ “ လို႔ ေၾကညာထားပါတယ္။ ဖုန္း ပိုင္ရွင္ရဲ႕ အမည္က Rahul Himalian ျဖစ္ၿပီး သူဟာ နံနက္ ၃ နာရီ ၁၅ မိနစ္ေလာက္မွာ မီးခိုးမႊန္ၿပီး အိပ္ယာက ထလာခဲ့တာ ျဖစ္ပါတယ္။

အဲဒီ ဖုန္းကို ပါ၀ါ ပိတ္ထားၿပီး အားလည္း မသြင္းထားပါဘူး။ အရင္ကေတာ့ အားသြင္းေနစဥ္မွာ ဖုန္း မီးေလာင္မႈမ်ား ျဖစ္ပြားခဲ့ဖူးတဲ့ အတြက္ အခု ျဖစ္ရပ္က စိတ္၀င္စားစရာေကာင္းပါတယ္။ ဖုန္း ပိုင္ရွင္က ခ်က္ခ်င္းပဲ ေရယူၿပီး ဖုန္းအေပၚ ေလာင္းခ်ခဲ့တယ္လို႔ ေျပာပါတယ္။ သူက ဒီလိုလုပ္လိုက္တဲ့ အတြက္ ဖုန္းဟာ ထပ္ၿပီး မေပါက္ကြဲေတာ့တာလို႔ ယူဆထားပါတယ္။

OnePlus One ကို ၂၀၁၄ ခုႏွစ္ ဧၿပီလမွာ ေရာင္းခ်ခဲ့တဲ့အတြက္ အေတာ္ အိုေဟာင္းေနပါၿပီ။ ဒါေပမယ့္လည္း ဖုန္းအေဟာင္းမ်ားဟာ ဒီလို အလိုလို မီးထေလာင္ေလ့ မရွိၾကပါဘူး။ ဖုန္းပိုင္ရွင္က သူ ၀ယ္ခဲ့တဲ့ အေမဇုန္နဲ႔ OnePlus အား ဒီျပႆနာကို ေျဖရွင္းေပးဖို႔ ေတာင္းဆိုထားပါတယ္။ OnePlus ကေတာ့ စတင္ စံုစမ္းေနပါၿပီ။ ဖုန္းပိုင္ရွင္ ေျပာတဲ့ အတိုင္း ဘာမွ မလုပ္ဘဲ အလိုလို မီးထေလာင္တာဆိုရင္ ကုမၸဏီက ဖုန္းပိုင္ရွင္အား ေလ်ာ္ေၾကးေပးႏုိင္ပါတယ္။

OnePlus One ဟာ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္း ျဖစ္ရံုသာမက သူ႔ရဲ႕ ပထမဆံုး စြမ္းေဆာင္ရည္ျမင့္ ဖုန္းပါ။ ၂၀၁၄ ခုႏွစ္ထုတ္ ဖုန္းမ်ားထဲမွာ သူဟာ ဒီဇိုင္း လွပၿပီး Specs မ်ားက ေကာင္းမြန္သလို ေစ်းအရမ္းကို သက္သာတဲ့ အတြက္ လူမ်ားစြာရဲ႕ အာရံုစိုက္မႈကို ရရွိခဲ့ပါတယ္။ ႏွစ္အနည္းငယ္ၾကာေနၿပီ ျဖစ္ေပမယ့္ သူ႔ကို သံုးေနတဲ့ လူ အနည္းငယ္ ရွိေနႏုိင္တယ္လို႔ ထင္ရပါတယ္။

Ref : androidheadlines

[Unicode]

OnePlus One Phone တစ်လုံး မီးလောင်မှု ဖြစ်ပွား

OnePlus က သူ့ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ OnePlus One Phone တစ်လုံး မီးလောင်မှုကို စစ်ဆေးနေပါတယ်။ ကုမ္ပဏီက “ ဒီလို ဖြစ်ရပ်မျိုးကို ကုမ္ပဏီက အလေးအနက်ထား ပါတယ်။ ကုမ္ပဏီက မီးလောင်မှု ဖြစ်ပွားတဲ့ ဖုန်း ပိုင်ရှင်ကို ဆက်သွယ်ပြီးပါပြီ။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။ “ လို့ ကြေညာထားပါတယ်။ ဖုန်း ပိုင်ရှင်ရဲ့ အမည်က Rahul Himalian ဖြစ်ပြီး သူဟာ နံနက် ၃ နာရီ ၁၅ မိနစ်လောက်မှာ မီးခိုးမွှန်ပြီး အိပ်ယာက ထလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းကို ပါဝါ ပိတ်ထားပြီး အားလည်း မသွင်းထားပါဘူး။ အရင်ကတော့ အားသွင်းနေစဉ်မှာ ဖုန်း မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးတဲ့ အတွက် အခု ဖြစ်ရပ်က စိတ်ဝင်စားစရာကောင်းပါတယ်။ ဖုန်း ပိုင်ရှင်က ချက်ချင်းပဲ ရေယူပြီး ဖုန်းအပေါ် လောင်းချခဲ့တယ်လို့ ပြောပါတယ်။ သူက ဒီလိုလုပ်လိုက်တဲ့ အတွက် ဖုန်းဟာ ထပ်ပြီး မပေါက်ကွဲတော့တာလို့ ယူဆထားပါတယ်။

OnePlus One ကို ၂၀၁၄ ခုနှစ် ဧပြီလမှာ ရောင်းချခဲ့တဲ့အတွက် အတော် အိုဟောင်းနေပါပြီ။ ဒါပေမယ့်လည်း ဖုန်းအဟောင်းများဟာ ဒီလို အလိုလို မီးထလောင်လေ့ မရှိကြပါဘူး။ ဖုန်းပိုင်ရှင်က သူ ဝယ်ခဲ့တဲ့ အမေဇုန်နဲ့ OnePlus အား ဒီပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ OnePlus ကတော့ စတင် စုံစမ်းနေပါပြီ။ ဖုန်းပိုင်ရှင် ပြောတဲ့ အတိုင်း ဘာမှ မလုပ်ဘဲ အလိုလို မီးထလောင်တာဆိုရင် ကုမ္ပဏီက ဖုန်းပိုင်ရှင်အား လျော်ကြေးပေးနိုင်ပါတယ်။

OnePlus One ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်ရုံသာမက သူ့ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် ဖုန်းပါ။ ၂၀၁၄ ခုနှစ်ထုတ် ဖုန်းများထဲမှာ သူဟာ ဒီဇိုင်း လှပပြီး Specs များက ကောင်းမွန်သလို ဈေးအရမ်းကို သက်သာတဲ့ အတွက် လူများစွာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာနေပြီ ဖြစ်ပေမယ့် သူ့ကို သုံးနေတဲ့ လူ အနည်းငယ် ရှိနေနိုင်တယ်လို့ ထင်ရပါတယ်။

Ref : androidheadlines