EISA က ဒီနှစ်ထုတ် စမတ်ဖုန်းတွေကို စမ်းသပ်စစ်ဆေးပြီး အကောင်းဆုံး စမတ်ဖုန်းတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

OnePlus 8 Pro ကို အကောင်းဆုံး စမတ်ဖုန်း ဆု ပေးခဲ့ပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့က အဲဒီဖုန်းရဲ့ ဒီဇိုင်း၊ အလန်းစား လုပ်ဆောင်ချက်တွေ၊ 120Hz 1440p+ မျက်နှာပြင် ၊ Warp Charge 30 Wireless နဲ့ IP68 စံနှုန်းတွေကို ချီးမွမ်းခဲ့ကြပါတယ်။

အဆင့်အမြင့်ဆုံး စမတ်ဖုန်း ဆုကို OPPO Find X2 Pro က ရသွားပြီး EISA အဖွဲ့က OPPO ရဲ့ အကောင်းဆုံး စမတ်ဖုန်းလို့ ပြောပါတယ်။ 120Hz HDR မျက်နှာပြင်၊ ဒေတာများစွာ သိမ်းလို့ရတဲ့ 512GB Storage နဲ့ လျှင်မြန်တဲ့ 65W Charging တွေက အဲဒီဖုန်းရဲ့ အလန်းစား လုပ်ဆောင်ချက်တွေပါ။

စမတ်ဖုန်း ကင်မရာ အပိုင်းမှာ Huawei P40 Pro ကို ရွေးချယ်ခဲ့ကြပါတယ်။ 50MP Main , 12MP Periscope , 40MP Ultrawide ကင်မရာတွေက အရမ်းလန်းတဲ့ ဓါတ်ပုံတွေကို ဖမ်းယူပေးနိုင်သလို ညဘက်အချိန်မှာလည်း အရည်အသွေး မကျဘဲ ရိုက်ကူးပေးနိုင်ပါတယ်။

Samsung Galaxy Z Flip က အကောင်းဆုံး Foldable ဖုန်း ဖြစ်လာပြီး ဟိုးအရင်ခေတ်က ခေါက်ချိုးဖုန်း ဒီဇိုင်းကို ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်နည်းပညာနဲ့ ပေါင်းစပ်နိုင်တာက အံ့မခန်း နည်းပညာပါ။

အကောင်းဆုံး Multimedia စမတ်ဖုန်း ဆုကို  ရသွားတာက Sony Xperia 1 II ဖြစ်ပြီး ဓါတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်၊ သီချင်းတွေကို နှစ်သက်သူတွေအတွက် အထူးဖန်တီးထားတာပါ။ ဒါ့အပြင် 20fps Burst Mode , Photography Pro နဲ့ Cinematography Pro လုပ်ဆောင်ချက်တွေက ဓါတ်ဖမ်းချင်သူတွေအတွက် ရှည်ပါပဲ။

Ref : gsmarena