[Zawgyi]

OnePlus 7 Pro ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာဟာ အရင္မ်ိဴးဆက္ေတြထက္ သိသိသာသာ တိုးတက္ေကာင္းမြန္လာတယ္ဆိုတာကို DxOMark Moblie ရဲ႕ ရမွတ္ေတြက သက္ေသထူေနပါတယ္။ OnePlus 7 Pro ဟာ 48MP Main Camera ကို 16MP Ultrawide Sensor + 8MP Telephoto Lens (3x Optical Zoom) ေတြနဲ႔ တြဲဖက္တပ္ဆင္ထားတဲ့ စမတ္ဖုန္းျဖစ္ၿပီး၊ DxOMark Mobile မွာဆိုရင္ ကင္မရာအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ တတိယေနရာမွာ Honor 20 Pro နဲ႔အတူ ပူးတြဲရပ္တည္ေနပါတယ္။

OnePlus 7 Pro နဲ႔ ပတ္သက္ၿပီး ဒီေန႔ ထြက္ေပၚလာတဲ့ သတင္းအရ အဆိုပါစမတ္ဖုန္းရဲ႕ Triple Camera Setup ထဲမွာပါတဲ့ 8MP Telephoto Lens ဟာ OnePlus က ေၾကာ္ျငာထားတဲ့အတိုင္း 3x Optical Zoom ကို အမွန္တကယ္ မေထာက္ပံ့ေပးႏိုင္ဘူးလို႔ သိရပါတယ္။ ဒီသတင္းဟာ u/ImKuya အမည္ရွိ Reddit အသုံးျပဳသူဆီက စတင္ထြက္ေပၚလာတာျဖစ္ၿပီး၊ သူက OnePlus 7 Pro ရဲ႕ Telephoto Lens ဟာ 2.2x Optical Zoom ေလာက္သာ ေထာက္ပံ့ေပးႏိုင္တာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

OnePlus 7 Pro ဟာ Portrait Mode ႐ိုက္တဲ့အခါမွာ Main Camera ကို အသုံးမျပဳဘဲ Telephoto Lens ကိုပဲ အသုံးျပဳတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Portrait Mode ႐ိုက္တဲ့ ျမင္ကြင္းရႈ႕ေထာင့္နဲ႔ 3x Zoom ႐ိုက္တဲ့ ျမင္ကြင္းရႈ႕ေထာင့္ေတြကေတာ့ ကြဲျပားပါတယ္။ Portrait Mode မွာ 13MP ဓာတ္ပုံေတြ ထုတ္ေပးၿပီး 3x Zoom မွာေတာ့ 8MP ဓာတ္ပုံေတြ ထုတ္ေပးပါတယ္။ ဒီေနရာမွာ OnePlus က ဘယ္လိုကစားသြားလဲဆိုေတာ့ 13MP ဓာတ္ပုံေတြကို 3x Zoom ဆြဲၿပီး ႐ိုက္ထားသလိုျဖစ္ေအာင္ Crop လုပ္လိုက္ၿပီး 8MP ဓာတ္ပုံအျဖစ္ ျပန္ထုတ္ေပးလိုက္ပါတယ္။ Telephoto Lens ႀကီးနဲ႔ 3x Zoom အျပည့္ရေအာင္ လွမ္းဆြဲၿပီး ႐ိုက္လိုက္တာ မဟုတ္ပါဘူး။

OnePlus အေနနဲ႔ အခုလိုမ်ိဴး မလိမ့္တပတ္လုပ္တာဟာ ပထမဦးဆုံး အႀကိမ္ေတာ့ မဟုတ္ပါဘူး။ OnePlus 5 မွာတုန္းကလည္း 1.6x Optical Zoom အထိပဲ ေထာက္ပံ့ေပးတဲ့ ကင္မရာကို 2x Optical Zoom ရသလိုလို ဘာလိုလိုနဲ႔ ေၾကာ္ျငာခဲ့ပါေသးတယ္။ OnePlus ဘက္ကေတာ့ “2x ဆိုတာ Lossless Zoom ကို ေျပာတာပါ။ Optical Zoom က 1.6x ရွိပါတယ္။ က်န္တဲ့ 0.4x က Digital Zoom ပါ” ဆိုၿပီး ျပန္လည္ ေျဖၾကားသြားခဲ့ပါတယ္။

Ref: Android Central , Android Police

[Unicode]

OnePlus 7 Pro ရဲ့ Telephoto Lens က သူတို့ ကြော်ငြာထားတဲ့အတိုင်း မဟုတ်ဘူးလို့ ဆို

OnePlus 7 Pro ရဲ့ နောက်ကျောဘက် ကင်မရာဟာ အရင်မျိူးဆက်တွေထက် သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်ဆိုတာကို DxOMark Moblie ရဲ့ ရမှတ်တွေက သက်သေထူနေပါတယ်။ OnePlus 7 Pro ဟာ 48MP Main Camera ကို 16MP Ultrawide Sensor + 8MP Telephoto Lens (3x Optical Zoom) တွေနဲ့ တွဲဖက်တပ်ဆင်ထားတဲ့ စမတ်ဖုန်းဖြစ်ပြီး၊ DxOMark Mobile မှာဆိုရင် ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် တတိယနေရာမှာ Honor 20 Pro နဲ့အတူ ပူးတွဲရပ်တည်နေပါတယ်။

OnePlus 7 Pro နဲ့ ပတ်သက်ပြီး ဒီနေ့ ထွက်ပေါ်လာတဲ့ သတင်းအရ အဆိုပါစမတ်ဖုန်းရဲ့ Triple Camera Setup ထဲမှာပါတဲ့ 8MP Telephoto Lens ဟာ OnePlus က ကြော်ငြာထားတဲ့အတိုင်း 3x Optical Zoom ကို အမှန်တကယ် မထောက်ပံ့ပေးနိုင်ဘူးလို့ သိရပါတယ်။ ဒီသတင်းဟာ u/ImKuya အမည်ရှိ Reddit အသုံးပြုသူဆီက စတင်ထွက်ပေါ်လာတာဖြစ်ပြီး၊ သူက OnePlus 7 Pro ရဲ့ Telephoto Lens ဟာ 2.2x Optical Zoom လောက်သာ ထောက်ပံ့ပေးနိုင်တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

OnePlus 7 Pro ဟာ Portrait Mode ရိုက်တဲ့အခါမှာ Main Camera ကို အသုံးမပြုဘဲ Telephoto Lens ကိုပဲ အသုံးပြုတယ်လို့ သိရပါတယ်။ ဒါပေမယ့် Portrait Mode ရိုက်တဲ့ မြင်ကွင်းရှု့ထောင့်နဲ့ 3x Zoom ရိုက်တဲ့ မြင်ကွင်းရှု့ထောင့်တွေကတော့ ကွဲပြားပါတယ်။ Portrait Mode မှာ 13MP ဓာတ်ပုံတွေ ထုတ်ပေးပြီး 3x Zoom မှာတော့ 8MP ဓာတ်ပုံတွေ ထုတ်ပေးပါတယ်။ ဒီနေရာမှာ OnePlus က ဘယ်လိုကစားသွားလဲဆိုတော့ 13MP ဓာတ်ပုံတွေကို 3x Zoom ဆွဲပြီး ရိုက်ထားသလိုဖြစ်အောင် Crop လုပ်လိုက်ပြီး 8MP ဓာတ်ပုံအဖြစ် ပြန်ထုတ်ပေးလိုက်ပါတယ်။ Telephoto Lens ကြီးနဲ့ 3x Zoom အပြည့်ရအောင် လှမ်းဆွဲပြီး ရိုက်လိုက်တာ မဟုတ်ပါဘူး။

OnePlus အနေနဲ့ အခုလိုမျိူး မလိမ့်တပတ်လုပ်တာဟာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ OnePlus 5 မှာတုန်းကလည်း 1.6x Optical Zoom အထိပဲ ထောက်ပံ့ပေးတဲ့ ကင်မရာကို 2x Optical Zoom ရသလိုလို ဘာလိုလိုနဲ့ ကြော်ငြာခဲ့ပါသေးတယ်။ OnePlus ဘက်ကတော့ “2x ဆိုတာ Lossless Zoom ကို ပြောတာပါ။ Optical Zoom က 1.6x ရှိပါတယ်။ ကျန်တဲ့ 0.4x က Digital Zoom ပါ” ဆိုပြီး ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Ref: Android Central , Android Police